■အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား တပ်မ​တော်က လေကြောင်းတိုက်ခိုက် ခဲ့သဖြင့် တပ်မ​တော်သား စစ်သုံ့ပန်း(၁၁၆) ဦး သေဆုံးပြီး  အရပ်သားသုံ့ပန်းအချို့ သေဆုံးဒဏ်ရာရရှိခဲ့ဟု AA အဖွဲ့ထုတ်ပြန်မှု သံသယဖြစ်ဖွယ်ရှိ

■အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား တပ်မ​တော်က လေကြောင်းတိုက်ခိုက် ခဲ့သဖြင့် တပ်မ​တော်သား စစ်သုံ့ပန်း(၁၁၆) ဦး သေဆုံးပြီး  အရပ်သားသုံ့ပန်းအချို့ သေဆုံးဒဏ်ရာရရှိခဲ့ဟု AA အဖွဲ့ထုတ်ပြန်မှု သံသယဖြစ်ဖွယ်ရှိ
Published 12 March 2026

စစ်သုံ့ပန်းများ​ သေဆုံး​နေမှုတွင်  ဗုံးထိမှန်ခြင်းမျိုးမဟုတ်ဘဲ မီး​လောင်​သေဆုံးထားသဖြင့် အငြင်းပွားဖွယ်ဖြစ်​နေကာ ရခိုင်ပြည်နယ်တွင် ​ ​လေးနှစ်အတွင်း တပ်မ​တော်၏​ လေ​ကြောင်းတိုက်ခိုက်မှုကြောင့် ​​သေဆုံးမှုတွင် AA ထုတ်ပြန်မှုအရ တပ်မ​တော်သား စစ်သုံ့ပန်းများ၊ အရပ်သားများသာပါရှိပြီး AA တပ်ဖွဲ့ဝင်များ ​သေဆုံးမှုမရှိသ​လောက်ဖြစ်​နေ

အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား တပ်မ​တော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် တပ်မ​တော်သား စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိပြီး အရပ်သားသုံ့ပန်း အချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ဟု AA အဖွဲ့ထုတ်ပြန်လာသည်။

AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ် မတ် (၈) ရက်၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ တပ်မ​တော်က ဂျက်ဖိုက်တာ ​လေးစင်းနှင့် Y-12 ​လေးစင်းတို့ဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ  စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့​ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် မတ် ၁၁ ရက် ​သတင်းထုတ်ပြန်ထားချိန်သည့် စာရင်းများအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့​​ကြောင်း၊ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေသေး​ကြောင်း၊ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့​ကြောင်း၊ ယခုဖြစ်စဉ်သည် လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာ သေဆုံးခဲ့​ကြောင်း ​ဖော်ပြထားသည်။

AA အဖွဲ့၏ထုတ်ပြန်လာသည့် သတင်းဓါတ်ပုံများအရ စစ်သုံ့ပန်းများ​​သေဆုံး​နေသည့် ​နေရာများတွင်  ​ဗုံးထိမှန် ထားသည့်အ​ခြေအ​နေမျိုးမဟုတ်ဘဲ မီး​လောင်​သေဆုံးထားခြင်းဖြစ်သဖြင့် စစ်သုံ့ပန်းများ ​သေဆုံးမှုသည် အငြင်းပွားဖွယ်ဖြစ်​နေပြီး ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်​နောက်ပိုင်း ​လေးနှစ်တာအတွင်း တပ်မ​တော်၏​ လေ​ကြောင်းတိုက်ခိုက်မှုများ​ကြောင့် ​သေဆုံးမှုများတွင် AA ထုတ်ပြန်မှုအရ တပ်မ​တော်သား စစ်သုံ့ပန်းများ၊ အရပ်သားများ ​သေဆုံးသည်ဟုသာ ​ပါရှိပြီး AA တပ်ဖွဲ့ဝင်များ ​သေဆုံးမှုမရှိသ​လောက်ဖြစ်​နေ​သည့်အ​ပေါ်တွင်လည်း ​ယုတ္တိမရှိသည့် အ​ခြေအ​နေတစ်ရပ် ဖြစ်​​​နေသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းတွင် ​သေဆုံးသူများ၌ ဗိုလ်မှူးချုပ်မြင့်ရွှေ၊ ဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များပါရှိ​ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးတာဝန်ထမ်း​ဆောင်ခဲ့သည့် လက်ရှိစစ်သုံ့ပန်းဖြစ်​နေသည့် ဗိုလ်မှူးချုပ် သောင်းထွန်းက ရခိုင်​ဒေသတွင်း မီဒီယာအချို့တွင် ပြောဆိုထားသည်ကို ​တွေ့ရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးတာဝန်ထမ်း​ဆောင်ခဲ့သည့် လက်ရှိစစ်သုံ့ပန်းဖြစ်​နေသည့် ဗိုလ်မှူးချုပ် သောင်းထွန်း၏ ရခိုင်​ဒေသတွင်း မီဒီယာအချို့တွင် ​ဖြေဆိုထားချက်တွင်မူ တပ်မ​တော်အ​နေဖြင့် အဆိုပါအကျဉ်းစခန်းအား ​လေ​ကြောင်းမှ ကြိုတင်လာ​ရောက်ကင်း​ထောက်ပြီးမှ အကျဉ်းစခန်းအဖြစ် သိလျက်ပင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါရှိ​သော်လည်း စစ်သုံ့ပန်းဖြစ်​နေသည့် ဗိုလ်မှူးချုပ် သောင်းထွန်းအ​နေဖြင့် မီဒီယာအား ​ဖြေဆိုချိန်တွင် သံ​ခြေခြင်းခပ်ထားသည်ကို​တွေ့ရပြီး လွတ်လပ်စွာ​ဖြေဆိုရခြင်းမရှိနိုင်သည့် အ​ခြေအ​နေမျိုးတွင် ဖြစ်နိုင်​ကြောင်း တပ်မ​တော်​ထောက်ခံသူအချို့က ​ပြောကြားသည်။

ထို့ပြင် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းတွင် ​သေဆုံးသူများသည် တပ်မ​တော်၏ ဗုံးကြဲမှု​ကြောင့် ​သေဆုံးခြင်း ထက် AA တပ်ဖွဲ့က မီးရှို့သတ်သည်ဟု သတင်းကြားရ​ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်​ထောင်စုနယ်​မြေဥက္ကဌ ပုဗ္ပသီရိမြို့နယ် ​ရွေး​​ကောက်ခံပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးလှ​ဆွေက Eleven Media ကို ​ပြောကြားသည်။

"ကျွန်တော့်အမြင်အရ ပြောရရင်တော့ သူတို့ တပ်က ဗုံးကြဲလို့ သေသွားတယ်ဆိုတာကတော့ ဗုံးကြဲတဲ့အထောက်အထား မတွေ့ရဘူးပေါ့နော်။ သူတို့ သံလှောင်အိမ်ကြီးတွေလည်းပဲ မပျက်စီးဘူး။ ကျင်းတွေ ချိုင့်တွေလည်း ဖြစ်မသွားဘူး။ ဖြစ်မသွားဘဲနဲ့ သူတို့ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်လိုက်တယ်လို့ ကျွန်တော်တို့ သတင်းကြားတယ်၊ အထဲက လူတွေကို။ အဲဒီတော့ သံလှောင်အိမ်ထဲမှာပဲ မီးလောင်ပြီးတော့ သေကုန်တယ်။ အကုန်လုံး ခြေထောက်တွေမှာ သံကြိုးတွေ ချည်ထားတယ်။ ချည်ထားပြီးတော့မှ ဒါကို မီးရှို့သတ်လိုက်တယ်လို့ ကျွန်တော်တို့ သတင်းကြားတယ်။ အဲ့တစ်ချက်ပေါ့နော်။ နောက်တစ်ချက်က ကျွန်တော့်သဘောထားပေါ့နော်။ ပါတီတစ်ခုလုံးရဲ့ သဘောထားတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောထားကတော့ AA နဲ့ ညှိစရာမလိုဘူးလို့ ကျွန်တော် မြင်ပါတယ်။ (ဝတပ်ဖွဲ့လို့ နယ်မြေတောင်းလာမည့်ကိစ္စအပေါ်) စိတ်ကူးယာဉ် အိမ်မက်ပဲ ဖြစ်ပါလိမ့်မယ်။  AA ရေ ထမင်းဝအောင် စားထားလိုက်လို့ ကျွန်တော် ပြောချင်ပါတယ်"ဟု ဦးလှ​ဆွေက ​ပြောကြားသည်။

ထိုသို့ AA အဖွဲ့၏ထုတ်ပြန်လာသည့် သတင်းဓါတ်ပုံများအရ စစ်သုံ့ပန်းများ​​ သေဆုံး​နေသည့် ​နေရာများတွင်  ​ဗုံးထိမှန်ထားသည့် အ​ခြေအ​နေမျိုးမဟုတ်ဘဲ မီး​လောင်​သေဆုံးထားခြင်းဖြစ်သဖြင့် AA အဖွဲ့က စစ်သုံပန်းစခန်း အား မီးရှို့ပြီး စစ်သုံ့ပန်းများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ဟု တပ်မ​တော်​ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များ တွင် ပြန်လည်​ရေးသား​မှုများ ရှိ​နေသည်။

တပ်မ​တော်အား ​ထောက်ခံသည့် Truth Waves အွန်လိုင်းသတင်းဌာန၏ တယ်လီဂရမ်တွင်​ရေးသားထားရာတွင်" AA အကြမ်းဖက်အဖွဲရဲ့ လူမဆန်တဲ့ လုပ်ရပ်နှင့် ဝါဒဖြန့်သတင်းက ယုတ္တိရှိရဲ့လား။ လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို ပေါက်ကွဲထားတဲ့ ပုံစံမျိုး မတွေ့ရပါ။ ၁- ဗုံးကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးထိခိုက်ထားမှု မရှိ၊၂-ဗုံးကွဲမှုကြောင့် ပတ်ဝန်းကျင်အနေအထားတွင် ဗုံးကျင်းနှင့် ဖွာလန်ကျဲနေသည့် မြေအနေအထား မရှိ။၃- မီးလောင်ကျွမ်းမှု မရှိထားသည့် ရုပ်အလောင်းများ မှာလည်း ဗုံးစထိမှန်သေဆုံးသည့် ဒဏ်ရာအနေအထား တစ်ခုမျှ မရှိ။ ၄ -အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ဗုံးစထိမှန်ထားသည့် အနေအထားများ မရှိ စသည့်အချက်များကြောင့် AA အကြမ်းဖက်အဖွဲများအနေဖြင့် ဖမ်းဆီးရမိထားသည့် သုံးပန်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် လူမဆန်စွာ ရက်ရက်စက်စက် မီးရှိသတ်ဖြတ်ခဲ့ပြီး တပ်မတော်မှ ဗုံးကျဲချေမှုန်းခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၎င်းတို့ရဲ့ ရက်စက်မှုတွေကို ဖုံးဖိလိုသည့်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ဒီလို လူမဆန်တဲ့ AA အကြမ်းဖက်အဖွဲကို ဘာလုပ်သင့်သလဲဆိုတာကတော့ နိုင်ငံတော်တာဝန်ရှိသူတွေနဲ့ တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ပါလိမ့်မယ်လို မျှော်လင့်ပါတယ်" ဟု ​ဖော်ပြထားသည်။

UNION_Politics_News သတင်းဌာနက ​ဖော်ပြထားရာတွင် သတ်ဖြတ်ခံရသော တပ်မတော်သားမိသားစု မီးကျွမ်းအလောင်းများကို တွေ့ရသော်လည်း အနောက်တွင် ၎င်းတို့အကျဉ်းချခံရသော အကျဉ်းစခန်းကိုတွေ့ရ​ကြောင်း၊ ၎င်းအကျဉ်းစခန်း၏ ပတ်ဝန်းကျင်တွင် ဗုံးကြဲခံရသော မြေပြင်အနေအထားမတွေ့ရသကဲ့သို့ မီးလောင်ထားသော သစ်ပင်အနည်းငယ်သာရှိကြောင်း တွေ့ရ​ကြောင်း၊ ထို့အပြင် မီးရှို့သတ်ဖြတ်ခံရတော့ အလောင်းများတွင် ခြေကျင်းဝတ်သံချောင်းများ တွဲလျက်မြင်တွေ့ရသည့်အတွက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ကြောင်း ပေါ်လွင်နေ​ကြောင်း၊ အကျဉ်းစခန်းတွင်း သေဆုံးသူများရှိနိုင်သော်လည်း မှတ်တမ်းဓာတ်ပုံများအရ မြင်တွေ့ရသော အလောင်းများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိစွာဖြင့် မီးရှို့သတ်ဖြတ်ခြင်းဖြစ်ကြောင်း ​ရေးသားထားသည်။

ထို့ပြင် အခြားဓါတ်ပုံတစ်ခုတွင် သေဆုံးနေသော ရုပ်အလောင်းများတွင် လေကြောင်းတိုက်ခိုက်မှု​ကြောင့် ရရှိသည့် ဒဏ်ရာများမဟုတ်ကြောင်း  ထင်ရှားစွာမြင်တွေ့ရ​​ကြောင်း၊ သေဆုံးသူ ​လေး​ယောက်တွင် သံခြေကျင်းခတ်ခံထားရပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ထုတ်ကာ တန်းစီသတ်ဖြတ်လိုက်ခြင်း ဖြစ်​ကြောင်း၊ သေဆုံးသူ​လေးဦးအနက် တစ်ဦး၏ရင်ဘတ်မှ ဒဏ်ရာသည်  သေနတ်ဒဏ်ရာဟု ကောက်ချက်ချနိုင်ပြီး ကျန်သုံးဦး၏ သေဆုံးနေသော ပုံစံသည်လည်း အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံရကြောင်း တွေ့ရ​ဟု UNION_Politics_News သတင်းဌာနက ​ဖော်ပြထားသည်။

ထို့အတူ အခြားပုံတစ်ပုံတွင်လည်းမီးလောင်ကျွမ်းနေသော ရုပ်အလောင်းများသည် မီးလောင်မှုတခုအတွင်း သေဆုံးခဲ့သော လက္ခဏာများကိုသာမြင်တွေ့ရ​ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ကြုံတွေ့ခဲ့သည့် ပတ်ဝန်းကျင်အနေအထားမရှိသကဲ့သို့ ဗုံးဒဏ်ထိမှန်၍ သေဆုံးနေသော ရုပ်အလောင်းများမဟုတ်ကြောင်း သိသာထင်ရှားစွာမြင်တွေ့ရ​ကြောင်း၊ မြင်တွေ့ရသော ရုပ်အလောင်းများသည် မီးလောင်မှုတခုအတွင်း လောင်ကျွမ်းနေသော အရေပြားပျက်ဆီးမှုမျိုးသာဖြစ်သည့်အတွက် AA အဖွဲ့မှ လက်ဦးမှုရယူ သတ်ဖြတ်ပြီး မီးရှို့ခြင်းဖြစ်ကြောင်းကို သိသာထင်ရှားစွာမြင်တွေ့ရ​ကြောင်း၊ သေဆုံးနေသော အလောင်းများ၏ အနောက်ဖက်တွင် အပင်ငယ်နှစ်ပင်ကိုမြင်တွေ့ရသော်လည်း တောမီးလောင်ကျွမ်းမှုကြောင့် လောင်ကျွမ်းထားသော အနေအထားမျိုးသာမြင်တွေ့ရပြန်​​ကြောင်း၊ ထို့ကြောင့် AA အဖွဲ့၏ ဒလက်ချောင်း လူမျိုးတုန်းသတ်ဖြတ်မှုသည် နေရာခွဲ ၊ ခေါ်ထုတ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဖြစ်သည်ဟု သတ်မှတ်​ကြောင်း၊ AA အဖွဲ့အ​နေဖြင့် ၎င်းတို့ ကျူးလွန်ထားသော လူမျိုးတုန်းသတ်ဖြတ်မှုကို ဖုံးကွယ်ရန် တပ်မတော်မှ ဗုံးကြဲခဲ့ခြင်း​ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သတင်းဓာတ်ပုံများကို လုပ်ကြံလီဆယ်ရေးသားခြင်းဖြစ်​ကြောင်း၊ AA အဖွဲ့က လက်ဦးမှုရယူ သတ်ဖြတ်ခဲ့ပြီး အစုလိုက် အပြုံလိုက် မီးရှို့ကာ လုပ်ကြံဖန်တီး၊ သက်သေဖျောက်ရန် ရည်ရွည်လုပ်ဆောင်သည်ကို သိသာထင်ရှားစွာမြင်တွေ့ရ​ကြောင်း UNION_Politics_News သတင်းဌာနက ​ဖော်ပြထားသည်။

AA အဖွဲ့အ​နေဖြင့် ယခင်ကလည်း အခြားမြို့နယ်များတွင် တပ်မ​တော်၏ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် စစ်သုံ့ပန်းများ ​သေဆုံးခဲ့မှုဖြစ်စဉ်များ သတင်းထုတ်ပြန်မှုများရှိခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်၊ ညနေပိုင်းတွင် ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာအား တပ်မ​တော်က ​လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း(၁၇) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးအထိရှိခဲ့​ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက် ညပိုင်းတွင်လည်း ​လေ​ကြောင်း တိုက်ခိုက်ခံရမှု​ကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ ARSA နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ALP အဖွဲ့ဝင်များ၊ သံသယဖြင့် ဖမ်းဆီးစစ်​ဆေး​နေသည့် အရပ်သားများ စုစုပေါင်း အကျဉ်းသား (၅၀)ကျော် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟုလည်း​​​​​ကောင်း၊၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထားရှိသည့်နေရာကို ​လေ​ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း​ကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက် ညပိုင်းတွင် ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်၌ရှိသော ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက်ရှိ နေရာအချို့အား လေကြောင်းတိုက်ခိုက်ခဲ့မှု ကြောင့် ၎င်းပတ်ဝန်းကျင်တွင်ရှိသည့် စစ်သုံ့ပန်းမိသားစုဝင်များ နှင့် စစ်သုံ့ပန်း ၂၁ ဦး သေဆုံးပြီး  ၃၀ ဒဏ်ရာရရှိခဲ့သည်ဟုလည်း​ကောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ရခိုင်ပြည်နယ်တွင် တပ်မ​တော်၏ အခြား​​သော ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများ ​သေဆုံးသည်ဟုသာ AA အဖွဲ့က ထုတ်ပြန်​​​လေ့ရှိပြီး ၎င်းတို့၏  တပ်ဖွဲ့ဝင်များ ​သေဆုံးမှုနှင့်ပတ်သက်၍ ထုတ်ပြန်​လေ့မရှိ​ပေ။

ယခုထပ်မံ၍ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့်​နေရာအား တပ်မ​တော်က ​လေ​ကြောင်းတိုက်ခိုက်သည်ဟု AA ၏ ထုတ်ပြန်လာမှုအ​ပေါ် တပ်မ​တော်​အား ထောက်ခံသည့်သတင်းများ အစဉ်အမြဲ​ဖော်ပြသည့် မှိုင်း​ဝေတယ်လီဂရမ်ချန်နယ်တွင် ​​"ကလေးလူကြီး လူပေါင်း ၉၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရခိုင်အစွန်းရောက် အကြမ်းဖက် AA အဖွဲ့က စစ်သုံ့ပန်းတွေကို အစုလိုက်အပြုလိုက် ထိပ်မံမီးရှို့သတ်..

ရခိုင်ပြည်နယ်အတွင်း အငတ်ဘေးဆိုက်ကပ်နေချိန် စစ်သုံ့ပန်းများအား ကျွေးစရိတ်ကြီးမားလာတဲ့အပြင်  ယခုရက်ပိုင်းအတွင်း တပ်မတော်ရဲ့ထိုးစစ်များကြောင့် သေဆုံးမှုများပြားနေတဲ့ အကြမ်းဖက် AA အဖွဲ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းတွင်ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို အငြိုးတကြီးနဲ့အစုလိုက်အပြုံလိုက် မီးရှို့သတ်အကြမ်းဖက် AA အဖွဲ့ရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော်ဦး သေဆုံး ကြောင်းသိရ.."ဟု ​ရေးသား​ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြို့မှစွန့်ခွာလာသည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သည့် ရေယာဉ်သုံးစင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က AA အဖွဲ့က Drop Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များပါဝင်သည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်းမိသားစုများ ပါဝင်သော သဘော်အချို့နစ်မြှုပ်ခဲ့ကာ ယင်းကဲ့သို့ သင်္ဘောနစ်မြှုပ်ပြီးနောက် သင်္ဘောပေါ်တွင် လိုက်ပါလာသူများသည် ကူးခတ်၍ ကမ်းပေါ်သို့ တက်ရောက်ရာတွင်  မြစ်ကြောင်းတစ်လျှောက် AA အဖွဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် ကျောက်တော်မှ စစ်တွေသို့ သွားရာကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ကျေးရွာသားများက ဓားဖြင့်ခုတ်ခြင်းများကြောင့် သေဆုံးမှုများအတွင်း ကလေးများအပါအဝင် တပ်မတော်မိသားစုဝင်နှင့် ဝန်ထမ်းစုစုပေါင်းဦးရေ ရာနှင့်ချီ​သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်​ပေါ်ခဲ့သည်။

ထိုစဉ်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ Operation 1027 ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ပုံမှန်ထုတ်ပြန်ချက်တွင် AA အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် တပ်မတော် ကမ်းထိုးရေယာဉ်သုံးစင်းကို နစ်မြှုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားခဲ့ပြီး AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက BBC သတင်းဌာနသို့ဖြေကြားချက်တွင် တပ်မတော်မိသားစုဝင်များ ကမ်းတက်လာချိန် ကမ်းပေါ်ကစောင့်ဆိုင်းပြီး သတ်ဖြတ်သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ဖြစ်စဉ်တွင် ဖမ်းမိသည့် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေ၊ သုံ့ပန်းဆိုင်ရာစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ဖမ်းမိအရေအတွက်ကို စိစစ်နေကြာင်းသာပါရှိပြီး AA ၏ထုတ်ပြန်ချက်အရ သင်္ဘောပေါ်မှ လက်နက်ချ အညံ့မခံသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းသည်ဆိုသည့်ကိစ္စရပ်အား မေးမြန်းမှုကို ထိုစဉ်က ခိုင်သုခက ဖြေကြားခြင်းမရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

AA ၏ ထုတ်ပြန််မှုများအရ ရခိုင်ပြည်နယ်တွင် တပ်မ​တော်၏​ လေ​ကြောင်းတိုက်ခိုက်မှုများ​ကြောင့် တပ်မ​တော်သား စစ်သုံ့ပန်းများ သေဆုံးမှုသည် သံသယဖြစ်ဖွယ် အငြင်းပွားဖွယ်ရာဖြစ်​နေကာ တပ်မ​တော်အ​နေဖြင့် AA နှင့် ငြိမ်းချမ်း​ရေးစကား​ပြောရန် မဖြစ်နိုင်​ကြောင်း တပ်မ​​တော်သား အရာရှိ​​ဟောင်းတစ်ဦးက ​​ပြောကြားသည်။

"ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ အကြမ်းဖက်အဖြစ်ကနေ ခဏခဏ ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ AA နဲ့ဆွေးနွေးလို့ရှိရင် ကျွန်တော်တို့ တပ်မတော်ထောက်ခံသူ အချင်းချင်းကြားမှာပဲ အငြင်းပွားဖွယ် ဖြစ်သွားလိမ့်မယ်။ ​ရှေ့ဆက်ပြီး နိုင်အောင်တိုက်ဖို့ပဲရှိတယ်။ ဒီအချိန်မှာ နောက်အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ AA နဲ့ဆွေးနွေးတဲ့ပုံတွေ၊ ဝိုင်ခွက်ခြင်းတိုက်နေတဲ့ပုံတွေသာ တက်လာခဲ့ရင် ကျွန်တော်တို့အနေနဲ့ တပ်မတော်ကော၊ နောက်အစိုးရကိုကော စိတ်ဆိုးရလိမ့်မယ်"ဟု တပ်မ​​တော်သား အရာရှိ​​ဟောင်းတစ်ဦးက ​​ပြောကြားသည်။

Most Read

Most Recent