ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 11 March 2026

လေဗာကူဆင် - အာဆင်နယ် (မတ် ၁၂ ရက် နံနက် ဝဝး၁၅ နာရီ)

လေဗာကူဆင်က ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး အာဆင်နယ်ကတော့ နောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားပါတယ်။ ပြိုင်ပွဲစုံမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းအား တစ်ခုတည်းနဲ့ လေဗာကူဆင်အသင်း ယှဉ်နိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ကစားပုံက လှပကောင်းမွန်နေတာမဟုတ်ပေမဲ့ နိုင်ပွဲအတွက် စိတ်ချရမှုကတော့ ပိုပြီးမြင့်တက်လာပါတယ်။ အာဆင်နယ်အသင်း ဂိုးမပေးရတဲ့နိုင်ပွဲ ရရှိမယ်ထင်ပါတယ်။

ဘိုဒိုဂလင့် - စပို့တင်းလစ္စဘွန်း (မတ် ၁၂ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီး၊ အက်သလက်တီကိုနဲ့ အင်တာမီလန်ကို နှစ်ကျော့စလုံးအနိုင်ယူပြီး အံ့အားသင့်စရာတွေ လုပ်ပြခဲ့တဲ့ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းအနေနဲ့ ဒီအဆင့်မှာ စပို့တင်းလစ္စဘွန်းနဲ့ ဆုံတွေ့ရတာကြောင့် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ စပို့တင်းလစ္စဘွန်းကလည်း အခုနောက်ပိုင်း ပြည်တွင်းမှာ ရလဒ်တွေကောင်းမွန်နေပြီး ဘိုဒိုဂလင့်အသင်းရဲ့ကျော်ကြားမှုကြောင့် သတိကြီးကြီးနဲ့ ယှဉ်ပြိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ ဘိုဒိုဂလင့်ကွင်းရဲ့ မြက်ခင်းတုကွင်းက ထိပ်သီးအသင်းကြီးတွေကိုတောင် အခက်တွေ့စေတာကြောင့် အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

PSG - ချယ်လ်ဆီး (မတ် ၁၂ ရက် နံနက် ၂း၃၀ နာရီ)

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရှုံးကြွေးကို PSG အသင်း ပြန်ဆပ်နိုင်မှာလား။ လက်ရှိ PSG အသင်းရဲ့ ခြေစွမ်းနဲ့တော့ မလွယ်ကူဘူးလို့ ဆိုရမှာပါ။ ချယ်လ်ဆီးက FA ဖလားမှာ ဝရက်ဆမ်ကို အချိန်ပိုအထိ ကစားခဲ့ရပေမဲ့ ကစားသမားအပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တာကြောင့်ပါ။ PSG နဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ မှတ်တမ်းကို ပြန်ကြည့်ရင်တော့ အနိုင်အရှုံး အဖြေပေါ်တာထက် သရေကျတဲ့ပွဲတွေက ပိုများခဲ့ပါတယ်။ ဒီပွဲမှာလည်း ချယ်လ်ဆီးအသင်း သရေမျှော်လင့်နိုင်ပါတယ်။

ရီးယဲလ်မက်ဒရစ် - မန်စီးတီး (မတ် ၁၂ ရက် နံနက် ၂း၃၀ နာရီ)

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မိတ်ဖက်တွေလို့ သတ်မှတ်ရလောက်အောင် အခုနောက်ပိုင်း ဆက်တိုက်ဆုံတွေ့နေကြတဲ့ ထိပ်သီးနှစ်သင်းရဲ့ အားပြိုင်မှုက ရိုးအီသွားခြင်းတော့ မရှိသေးပါဘူး။ လတ်တလောခြေစွမ်းမှာတော့ ရီးယဲလ်ထက် မန်စီးတီးက ပိုတည်ငြိမ်နေပါတယ်။ လာလီဂါမှာ အိုဆာဆူနာ၊ ဂီတာဖေးတို့ကိုတောင် ရှုံးထားတဲ့ ရီးယဲလ်ရဲ့ခြေစွမ်းက အားနည်းချက်တွေရှိနေသလို၊ တိုက်စစ်မှူး ဘာပေလည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အဝေးကွင်းဖြစ်ပေမဲ့ မန်စီးတီးကိုပဲ ကြိုက်ပါတယ်။

Most Read

Most Recent