စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီးစက်သုံးဆီသင်္ဘော နှစ်စီးအပြင် သင်္ဘော ၁၂ စီး ထပ်မံရောက်ရှိလာမည်

စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီးစက်သုံးဆီသင်္ဘော နှစ်စီးအပြင် သင်္ဘော ၁၂ စီး ထပ်မံရောက်ရှိလာမည်
Published 8 March 2026

စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီးစက်သုံးဆီသင်္ဘော နှစ်စီးအပြင် သင်္ဘော ၁၂ စီး ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ် ရေးဆွဲကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ မတ် ၈ ရက်တွင် သင်္ဘောတင်သွင်းရောက်ရှိမှု အခြေအနေမှာ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး၊ လမ်းခရီးတွင် သင်္ဘော (၄)စီး၊ ဆီတင်လျက်ရှိသည့် သင်္ဘော (၃)စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော (၅)စီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent