■ တာမွေမြို့နယ်၊ တာမွေဗလီမှတ်တိုင်အနီးတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှတစ်ဆင့် ယာဉ် ၁၃ စီးဆင့်တိုက်မှုဖြစ်ပွား 

■ တာမွေမြို့နယ်၊ တာမွေဗလီမှတ်တိုင်အနီးတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှတစ်ဆင့် ယာဉ် ၁၃ စီးဆင့်တိုက်မှုဖြစ်ပွား 
Published 5 March 2026

တာမွေမြို့နယ်၊ သဗိန်ဗရမ်းလမ်း၊ တာမွေဗလီမှတ်တိုင်အနီးတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှတစ်ဆင့်ယာဉ် ၁၃ စီးတိုက်မှု မတ် ၅ ရက်၊ မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၊ တာမွေဗလီမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)မှ သွားရောက်ခဲ့ကြောင်း သိရသည်။

"YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ရာကနေ စပြီးဖြစ်တာပါ။စုစုပေါင်း ယာဉ် ၁၃ စီးဆင့်တိုက်တာပါ။လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO) ဒုတိယဥက္ကဌ ဦးဝင်းသူက ပြောကြားသည်။

ယာဉ် ၁၃ စီးဆင့်တိုက်မှုဖြစ်ပွားရာသို့ YRO ဒုတိယ ဥက္ကဌ (လေ့ကျင့်၊ကယ်ဆယ် ) ဦးဝင်းသူ ဦးဆောင်သည့် YROအဖွဲ့ဝင်  ""မေတ္တာမျှဝေ " ၊ "မေတ္တာ၊စေတနာ၊ဒါန၊ကူညီ " ၊ " KMG Rescue " ၊ " တာမွေကွန်ယက် "  စသည့်လူမှုကူညီရေးအသင်းတို့ အပြင် အခြား မိတ်ဖက်အသင်းများလည်း ပူးပေါင်းပါဝင်ကာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

"ယာဉ်တိုက်တဲ့အသံကြားလို့ ထွက်ကြည့်တော့ YBS လည်း ပါတယ်။ကားက ဆက်တိုက်တွေ အများကြီးဆင့်တိုက်တာ။ဒဏ်ရာရတဲ့သူ မရှိဘူးလို့ သိရတယ်"ဟု ယာဉ်တိုက်မှုဖြစ်ပွားရာအနီနေသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

■ ဓာတ်ပုံ - YRO၊ CJ

Most Read

Most Recent