ယူအေအီး အာဏာပိုင်များက နိုင်ငံအတွင်း ပိတ်မိနေသည့် ခရီးသွားများအတွက် တည်းခိုစရိတ်၊ အစားအသောက်စရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူမည်ဟု ကြေညာ

ယူအေအီး အာဏာပိုင်များက နိုင်ငံအတွင်း ပိတ်မိနေသည့် ခရီးသွားများအတွက် တည်းခိုစရိတ်၊ အစားအသောက်စရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူမည်ဟု ကြေညာ
Published 2 March 2026
Ref: Gulf News

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ပွဲအရှိန်မြင့်တက်နေချိန်တွင် ယူအေအီးနိုင်ငံအတွင်း ပိတ်မိနေသည့် ခရီးသွားများအတွက် ဟိုတယ်များတွင် တည်းခိုစရိတ်၊ အစားအသောက်စရိတ်နှင့် လေယာဉ်လက်မှတ်ပြန်လည် ဘွတ်ကင်တင်မှု အစရှိသည့် ကုန်ကျစရိတ်အားလုံးကို အစိုးရက တာဝန်ယူကျခံပေးမည်ဟု ကြေညာခဲ့သည်။

ဒေသတွင်း ပဋိပက္ခများကြောင့် လေဆိပ်များတွင် ခရီးစဉ်များပြောင်းလဲခြင်း သို့မဟုတ် ခရီးစဉ်ဖျက်သိမ်းခြင်းတို့ကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာမရသည့် ခရီးသွားများကို ယူအေအီး အာဏာပိုင်များက ကုန်ကျစရိတ်များ တာဝန်ယူပေးခြင်းဖြစ်သည်။

ဟိုတယ်များတွင် တည်းခိုနေသည့် ဧည့်သည်များကိုလည်း ဆက်လက်တည်းခိုခွင့်ပြုရန် ဒူဘိုင်းနှင့် အဘူဒါဘီ အာဏပိုင်များက ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်များအရ ဟိုတယ်များအနေဖြင့် ဧည့်သည်များ၏ သက်သာချောင်ချိရေးကို ဦးစားပေးရန်၊ တည်းခိုနေထိုင်မှု အခက်အခဲမရှိစေရန် နှင့် နိုင်ငံအတွင်းမှ ထွက်ခွာနိုင်ခြင်းမရှိသေးသူများ သို့မဟုတ် တည်းခိုစရိတ်အတွက် ချက်ချင်းငွေမပေးနိုင်သေးသူများကို အခန်းများမှ ထွက်ခွာခိုင်းခြင်းမျိုး မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

 

Most Read

Most Recent