ကျောင်းသား/ကျောင်းသူ ခြောက်ထောင်ကျော် ပါဝင်သည့် မြန်မာနိုင်ငံတွင် အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ ပြည်သူ့ရင်ပြင်၊ အာကာသပြတိုက်(ရန်ကုန်)တွင် စတင်ကျင်းပလျှက်ရှိိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ၈ နာရီမှ ၁၁ နာရီအထိတွင် ပန်းချီနှင့် ပိုစတာပြိုင်ပွဲအားအခြေခံပညာအထက်တန်း အဆင့်(Grade 10 နှင့် Grade 11) ယှဉ်ပြိုင်ခဲ့ကြပြီး နံနက် ၈ နာရီမှ ၁၀ နာရီအထိတွင် ကာတွန်းပြိုင်ပွဲအား အခြေခံပညာအထက်တန်းအဆင့်(Grade 10 နှင့် Grade 11)တို့မှ ယှဉ်ပြိုင်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အခြေခံပညာမူလတန်းအဆင့်(Grade 1 မှ Grade 5)အထိ ကျောင်းသား/ ကျောင်းသူများမှာ ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မတ် ၁ ရက်တွင် ပန်းချီ၊ပိုစတာနှင့်ကာတွန်းပြိုင်ပွဲများအား အခြေခံပညာအလယ်တန်းအဆင့် (Grade 6 မှ 9)အထိ ကျောင်းသား/ ကျောင်းသူများမှ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
အခြေခံပညာမူလတန်းအဆင့်တွင် "အာကာသ သူရဲကောင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင် "စူးစမ်းလေ့လာ အာကာသကမ္ဘာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် "အနာဂတ် အာကာသနည်းပညာ"ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပိုစတာပြိုင်ပွဲအား အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာအေဂျင်စီ၊ရန်ကုန်တိုင်း ပညာရေးမှူးရုံး နှင့် အာကာသပြတိုက် (ရန်ကုန်)တို့မှ ကြီးမှုးကျင်းပခြင်းဖြစ်သည်။
ဓာတ်ပုံ - သီဟအောင်၊ ရှိုင်းလင်းထက်















