ရန်ကုန်-မြိတ်ပြည်ထောင်စုလမ်းမကြီး၏ထားဝယ်-မြိတ်လမ်းအစိတ်အပိုင်းပိတ်ဆို့မှု ရက် ၂၀ ကြာမြှင့်လာ

ရန်ကုန်-မြိတ်ပြည်ထောင်စုလမ်းမကြီး၏ထားဝယ်-မြိတ်လမ်းအစိတ်အပိုင်းပိတ်ဆို့မှု ရက် ၂၀ ကြာမြှင့်လာ
Published 27 February 2026

ရန်ကုန်-မြိတ်ပြည်ထောင်စုလမ်းမကြီး၏ထားဝယ်-မြိတ်လမ်းအစိတ်အပိုင်းပိတ်ဆို့မှု ရက် ၂၀ ကြာမြှင့်လာကြောင်းသိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် မှစတင်ပြီး အဆိုပါလမ်း ပိုင်းမှာပိတ်ဆို့မှုဖြစ်သွားရာ ယခု ဖေဖော်ဝါရီ ၂၇ ရက် တွင်ရက် ၂၀ ကြာမြှင့်ပြီဖြစ်ကြောင်းဒေသခံများက ပြောကြားခဲ့သည်။

" တိုက်ပွဲတွေဖြစ်လို့လမ်းပိတ်နေတာ ပလောက်မြို့အထွက် ဆင်ထိုးရွာကနေ သရက်ချောင်းမြို့ မရောက်ခင် အထိကားလမ်းတွေပိတ်နေတာ.ပိတ်မိနေတဲ့ကားတွေအများကြီးပဲ၊ကုန်ကားတွေပဲအဓိကပိတ်မိနေတာ၊မြိတ်ကနေထားဝယ် ကိုကုန်စိမ်း၊ငပိ၊ငါးခြောက်နှင့်ပုပ်သိုးတတ်တဲ့ကုန်စည်တွေကို ရေလမ်းကနေသယ်နေရတယ်။ ကျန်တဲ့ပစ္စည်းသယ်လို့မရဘူး"ဟု ကုန်ပစ္စည်းပို့နေသူတစ်ဦးကပြောကြားခဲ့သည််။

ကားလမ်း ပိတ်ဆို့မှုကြောင့်လူသုံးကုန်ပစ္စည်းနှင့်အခြေခံစားသောက်ကုန် များရှားပါးလာကာစျေးနှုန်းကြီးမြှင့် လာနေကြောင်းသိရသည်။

 " ထားဝယ်ကနေရန်ကုန်ကို ကားလမ်းထပ်ပိတ်သွားပြန်ပြီ အရင်က မြိတ်နှင့်ထားဝယ်ကြားပဲပိတ်တာအခု ထားဝယ်အထွက်ပါထပ်ပိတ်ပြန်ပြီကုန်ပစ္စည်းတစ်ချို့ပါဆယ်အပ်တာကားလိုင်း တွေကထားဝယ်-ရန်ကုန် ရက်အကန့်အသတ်မရှိပိတ်ထားတယ် လို့ပြောပါတယ်။ ထားဝယ်-မော်လမြိုင်ကို တစ်ကီလိုလေးချိန် တောင်မရှိတဲ့ဖိနပ်တစ်ရံကိုပို့ခ ၂ သောင်းအထိစျေးတက်မယ် ဆိုပြီးပြောပါတယ်။ လမ်းဖွင့်မှပို့လို့ရမယ်။ ကြိုက်မှပို့ပါဆိုပြီး ပြောတယ် "ဟု ထားဝယ်မြို့ခံတစ်ဦးကပြောကြားခဲ့သည်။

မြိတ်နှင့်ရန်ကုန်ကားအရှည်မှာ မိုင် ၅၅၀ ရှိပြီး တိုက်ပွဲဖြစ်ပွားနေသည့် နေရာများဖြစ်သော ပလောက်-သရက်ချောင်း၊ ထား ဝယ်- မောင်မယ်ရှောင်နေရာစပ်ကြား မိုင် ၃၀ အကွာအဝေးအ တွင်းသာလမ်းပိတ်ဆို့မှု ဖြစ်နေကြောင်းခရီးသွားများက ပြောကြားခဲ့သည်။တနသ်ာရီတိုင်းဒေသကြီးအတွင်းမြိတ်-ကော့သောင်း မိုင် ၂၈၀ ခန့်ခရီးမှာပုံမှန်အတိုင်းသွားလာနိုင်ပြီးမြိတ် - ထားဝယ် မိုင် ၁၇၀ ကျော်ရှိ မိုင် ၃၀ ခန့်အတွင်းတိုက်ပွဲများကြောင့် လမ်းပိတ်ဆို့နေသည်မှာရက်ပေါင်း ၂၀ ကြာမြှင့်နေခြင်းဖြစ်ကြောင်းသိရသည်။

ကားလမ်းများပိတ်ဆို့နေသည့်အတွက်ဒေသခံပြည်သူများမှာရေလမ်းခရီးမှစပိဘုတ်ဌားရမ်း ကာသွားလာ နေရပြီး မြိတ် -ထားဝယ် လူတစ်ဦးလျှင် ၁၈၀၀၀၀ ကျပ်၊ မြိတ်- ရန်ကုန် လေကြောင်းဖြင့် လူတစ်ဦးလျှင် ခြောက်သိန်း ကျော်ပေးနေရကာ အခြေခံလူတန်းစားများမတတ်နိုင်သည့် နှုန်းထားများ ဖြစ်နေကြောင်း သိရသည်။

ဇော်မိုးဦး ( မြိတ်)

Most Read

Most Recent