၂၀၂၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် မဲ​ပေးခဲ့သူစုစုပေါင်း ၂၄ ဒသမ၂၂ သန်း၌ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အသက်အရွယ်ရှိသူ လူငယ် ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်

၂၀၂၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် မဲ​ပေးခဲ့သူစုစုပေါင်း ၂၄ ဒသမ၂၂ သန်း၌ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အသက်အရွယ်ရှိသူ လူငယ် ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်
Published 26 February 2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းတွင် မဲ​ပေးခဲ့သည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်း၌ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အသက်အရွယ်ရှိသူလူငယ် ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်​ကြောင်း သိရသည်။

ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းစလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်းရှိပြီး မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ မဲ​ပေးခဲ့သည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်းတွင် မဲ​​ပေးခဲ့သည့် အသက်အရွယ်အပိုင်းအခြားမှာ ၁၈ နှစ်မှ ၃၀ နှစ်ကြား ၅၉၄၄၈၆၈ ဦး (၂၄ ရာခိုင်နှုန်း)၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား၅၁ဝ၉၃၅၄ ဦး(၂၁ ရာခိုင်နှုန်း)၊ ၄၀ နှစ်မှ ၅၀ နှစ်ကြား ၄၇၈၅၉၈၉ ဦး(၂၀ ရာခိုင်နှုန်း)၊ ၅၀ နှစ်မှ ၆၀ နှစ်ကြား ၄၀၃၆၉၉၂ ဦး(၁၇ ရာခိုင်နှုန်း)၊ ၆၀ နှစ်မှ ၇၀ ကြား၂၇၁၄၉၂၂ ဦး(၁၁ ရာခိုင်နှုန်း)၊ ၇၀ နှစ်အထက် ၁၆၂၅၃၁၅ ဦး(၇ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။

ထို့ကြောင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းတွင် လူငယ်များ ပါဝင်မှုရာခိုင်နှုန်းမှာ မြင့်မားလျက်ရှိကြောင်း တွေ့ရှိရ​သည်ဟု သတင်းထုတ်ပြန်မှုတွင် ​ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ပါတီစုံအ​​ထွေ​ထွေ​ရွေး​​ကောက်ပွဲကို မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ရွေး​ကောက်ပွဲအပိုင်း(၁)ကို ၁၀၂ မြို့နယ်တွင်လည်း​​ကောင်း၊

ရွေး​ကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌လည်း​ကောင်း၊ ရွေး​ကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ၆၁ မြို့နယ်၌လည်း​ကောင်း ကျင်းပခဲ့ပြီး ကျန် ၆၇ မြို့နယ်တွင် ​​လုံခြုံ​ရေးအ​ခြေအ​နေအရ ရွေး​ကောက်ပွဲကျင်းပထားခြင်းမရှိပေ။

Most Read

Most Recent