ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် Play-offs ဒုတိယအကျော့ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သတင်းထွက်လာပါတယ်။
ရီးယဲလ် - ဘင်ဖီကာပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ရီးယဲလ်အသင်းက ပထမအကျော့အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားပါတယ်။
အမ်ဘာပေဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၃)ဂိုးသွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး ဘယ်ဘက်ဒူးမှာ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဘင်ဖီကာနဲ့ပွဲကို လွဲချော်ရဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အမ်ဘာပေဟာ ဒူးဒဏ်ရာရှိနေလျက်နဲ့ ရီးယဲလ်အသင်းအတွက် ကစားပေးနေခြင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘင်ဖီကာနဲ့ပွဲအပြင် နောက်ထပ်(၂)ပွဲလောက် လွဲချော်ရဖွယ်ရှိနေကြောင်း ဖော်ပြမှုတွေလည်း ရှိနေပါတယ်။
ရီးယဲလ်အသင်းက ဘင်ဖီကာနဲ့ပွဲပြီးရင် လာလီဂါမှာ ဂီတာဖေး၊ ဆယ်လ်တာဗီဂိုတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။















