■ ကရင်ပြည်နယ် ကမမောင်းမြို့ တကောင်းဘိုးကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

■ ကရင်ပြည်နယ် ကမမောင်းမြို့ တကောင်းဘိုးကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
Published 4 February 2026

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ တကောင်းဘိုးကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခန့်က အဆိုပါကမမောင်းမြို့ တကောင်းဘိုးကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်နှင့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ်နဲ့ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့သူက ဖာပွန်မြို့နယ်၊ အမှတ် (၂၁) ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၂၀) နှစ်အရယ် မောင်ခန့်ဇော်လင်း လို့ သိရပါတယ်။ ခြေထောက်မှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မောင်ခန့်ဇော်လင်း အား ဒေသခံပြညသူများက၊ ကမမောင်းဆေးရုံမှတဆင့် ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီ ၁၂ ရက်ကလည်း  ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ် (၃) ရပ်ကွက် သံလွင်မြစ်ကမ်းဘေးတွင် လက်လုပ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ်အရွယ် မမေဇင်မြတ်နိုး၊ အသက် (၁၂) နှစ်အရွယ် မစင်သီတာသိမ့် နှင့် အသက် (၁၇) နှစ်အရွယ် မကြယ်စင်လင်းသန့် တို့ (၃) ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent