ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများတွင် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းနှစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများတွင် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းနှစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 26 January 2026

ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများတွင် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းနှစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးအပ်သည်။

အဆိုပါ ပစ္စည်းနမူနာများမှာ  တရုတ်နိုင်ငံထုတ် Tailaimei COSMETICS/MAKE UP KIT (Eye Shadow & Lipstick & Blusher Two Way Cake)နှင့် ထိုင်းဘာသာဖြင့် ရေးသားထားသည့် HASAYA GIRL /PEACH PRO BLUSH #RED CHEEK CAMELLIA BLUSHER (04) ပစ္စည်း နှစ်မျိုး ဖြစ်သည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်သည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။

Most Read

Most Recent