■ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီး Level 2 အဆင့် မီးလောင်မှုမှာ ပိတ်စနှင့် အထည်အလိပ်များထားသည့် တိုက်ခန်းမှစ၍ မီးလောင်ခြင်းဖြစ်

■ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီး Level 2 အဆင့် မီးလောင်မှုမှာ ပိတ်စနှင့် အထည်အလိပ်များထားသည့် တိုက်ခန်းမှစ၍ မီးလောင်ခြင်းဖြစ်
Published 19 January 2026

မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီး Level 2 အဆင့် မီးလောင်မှုတွင် ပိတ်စနှင့် အထည်အလိပ်များထားသည့် တိုက်ခန်းမှစ၍ မီးလောင်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိသူများထံမှ သိရသည်။

“မီးစလောင်တာကတော့ ပိတ်စတွေ၊ အထည်အလိပ်တွေထားတဲ့ မြေညီတိုက်ခန်းကနေစပြီး မီးလောင်တာပါ။ ဘေးကပ်ရပ်အခန်းပါ မီးထပ်ကူးသွားတယ်” ဟု ပတ်ဝန်းကျင်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာ စစ်ဆေးနေကြောင်း၊ မီးလောင်မှုမှာ တစ်နာရီကျော်ကြာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent