■ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်ဦးက ထိုင်းလူမျိုးသုံးဦးကို ဝိုင်းဝန်းရိုက်နှက်မှုအပြီးတွင် တရားမဝင်နေထိုင်သည့် ပြည်ပလုပ်သားများကို စစ်ဆေးခြင်းများ ဆက်တိုက်လုပ်ဆောင်နေ

■ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်ဦးက ထိုင်းလူမျိုးသုံးဦးကို ဝိုင်းဝန်းရိုက်နှက်မှုအပြီးတွင် တရားမဝင်နေထိုင်သည့် ပြည်ပလုပ်သားများကို စစ်ဆေးခြင်းများ ဆက်တိုက်လုပ်ဆောင်နေ
Published 16 January 2026

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားခြောက်ဦးက ထိုင်းလူမျိုးသုံးဦးကို ဝိုင်းဝန်းရိုက်နှက်မှုအပြီးတွင် တရားမဝင်နေထိုင်သည့် ပြည်ပလုပ်သားများကို စစ်ဆေးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် ဇန်နဝါရီ ၁၁ ရက်က မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းပို့ဆောင်သည့် ထိုင်းနိုင်ငံသားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တို့ လမ်းပေါ်တွင် ထိပ်တိုက်တွေ့ခဲ့ပြီး ဆိုင်ကယ်ကို ထိုင်းနိုင်ငံသားက ဟွန်းတီးရာမှ မြန်မာနိုင်ငံသားက အမူအရာဖြင့် ဆဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသားသုံးဦးက ဘန်ဘောအရပ်ရှိ မြန်မာနိုင်ငံသားဖွင့်လှစ်ထားသည့် စားသောက်ဆိုင်သို့ လာရောက်မေးမြန်းစကားပြောစဉ် မြန်မာနိုင်ငံသား ခြောက်ဦးက ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီဖြစ်စဉ်ပြီးကတည်းက စစ်တာဆေးတာတွေ များလာတယ်။ အပြင်သွားရင် သတိထားနေရတယ်” ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

ထိုင်းဘက်မှလာသည့်သတင်းများအရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် တရားမဝင်နိုင်ငံခြားသားများကို စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဆွန်ချိုင်းက ပြောကြားသည်ဟု သိရသည်။

“သတင်းကတော့ ထွက်နေတယ်။ စစ်တာလည်း ဒီနေ့တော်တော်စစ်တယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

Most Read

Most Recent