ထိုင်းနိုင်ငံ Chonburi ပြည်နယ်၊ Sriracha ခရိုင်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်ခန့်က စက်ရုံအလုပ်သမားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် Pin Thong 3 စက်မှုဇုန်အေရှ့ Highway လမ်းသစ်အရောက်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ဘန်ကောက် လိုင်စင်နံပါတ်ပါ ဘတ်စ်ကား၏ ကားခေါင်းပိုင်း အများအပြား ပျက်စီးသွားပြီး ယာဉ်ပေါ်ပါ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၂ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သညိ။ အဆိုပါ မြန်မာလုပ်သားများသည် Pinthong Industrial Estate တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ကားထဲ၌ညှပ်နေသောအမျိုးသမီးတစ်ဦးအား ဟိုက်ဒရောလစ် စက်ကိရိယာများအသုံးပြုကာ ၅ မိနစ်ကြာ ကယ်ထုတ်ခဲ့ရသည်ဟုသိရသည်။
အသက် ၃၂ နှစ်အရွယ်ရှိ Mr. Thiwat ယာဉ်မောင်းဖြစ်သူသည် ဝန်ထမ်းများကို ကြိုပြီး စက်ရုံသို့ ပို့ဆောင်ချိန်မှာ အရှိန် ၃၀-၄၀ ကီလိုမီတာလောက်နဲ့သာ မောင်းနှင်ခဲ့ ကြောင်း။ Khao Tabak တောင်ဆင်းလမ်း အရောက်တွင် ရှေ့က ကွန်တိန်နာကားများနှင့် အတားအဆီး များကြောင့် ဂီယာချပြီး ဘယ်ဘက်သို့ ရှောင်တိမ်ူဖို့ ကြိုးစားခဲ့သော် လည်း ထိန်းမနိုင်ဘဲ တိမ်းမှောက်ခဲ့ရခုင်းဖြစ်သညိဟုဆိုသည်။
Nong Kham ရဲစခန်းမှ ရဲမှူးနှင့် ကယ်ဆယ်ရေး အဖွဲ့သားများသည် ဒဏ်ရာရရှိ သူများကို ရှေးဦးသူနာပြုစုပေးပြီး Si Racha ခရိုင်အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်နေရာ၌ စစ်ဆေးမှတ်တမ်းယူပြီး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ထိုင်းနိုင်ငံလက်မှလာသောသတင်းများအရသိရသည်။















