ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင် သည့် မြန်မာနိုင်ငံသားများ Rabbit Card ဖြင့် BTS ရထားစီးခွင့် မရရှိတော့ကြောင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့်မြန်မာနိုင်ငံ သားအချို့ထံမှ သိရသည်။
Rabbit Card သည် ကြိုတင်ငွေဖြည့်ရ သည့် ကတ်တစ်ခုဖြစ်ပြီး BTS ရထားစီးနင်းရာ တွင် လက်မှတ်ကောင်တာတွင် လက်မှတ်ဝယ် ရန် တန်းစီစရာမလိုဘဲ အလိုအလျောက်ဝင် ရောက်စီးနင်းနိုင်သည့် ကတ်တစ်ခုဖြစ် ကြောင်း သိရသည်။
“ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ လောက်ကစပြီး အဲ့ဒီကတ်တွေအသုံးပြုပြီး စီးလို့မရတော့ဘူး။ ဒီမှာအနေကြာတဲ့သူတွေကတော့ အဲ့ဒီကတ် ကို အသုံးပြုတာများတယ်။ ရထားလက်မှတ် ဝယ်ရတဲ့ဒုက္ခကမသေးဘူးလေ။ သိသလောက် ကတော့ မြန်မာတင်မကဘူး။ အီရန်နဲ့မြောက် ကိုရီးယားလည်းပါတယ်ကြားတယ် “ ဟု ထိုင်း နိုင်ငံတွင် ရောက်ရှိနေသူတစ်ဦးက ပြောကြား သည်။
ယင်းအပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေ သူတစ်ဦးကလည်း “Rabbit Card တွေ ၃၀ ရက်ကစပြီး သုံးလို့မရတော့ဘူး။ Refund ပေးဖို့ပြောတော့လည်း ဖောင်တွေဖြည့်ခိုင်းပြီး နောက်မှ ဆက်သွယ်လိုက်မယ်တဲ့။ ဘယ်နှစ် ရက်ကြာမလဲဆိုတော့ နှစ်ပတ်လောက်ကြာ မယ်လို့လည်းပြောပါတယ်”ဟု လူမှုကွန်ရက် တွင် ရေးသားထားသည်။
Rabbit Card မှာ ကြိုတင်ငွေ ဘတ်တစ် ထောင်ထည့်သွင်းရကြောင်း သိရသည်။















