အာဆင်နယ်နဲ့ Deel ရဲ့ ဂျာစီလက် စပွန်ဆာစာချုပ် တစ်နှစ်ပေါင်(၁၈)သန်းတန်ကြေးရှိကြောင်း သတင်းထွက်

အာဆင်နယ်နဲ့ Deel ရဲ့ ဂျာစီလက် စပွန်ဆာစာချုပ် တစ်နှစ်ပေါင်(၁၈)သန်းတန်ကြေးရှိကြောင်း သတင်းထွက်
Photo: X
Photo: X
Published 31 December 2025

အာဆင်နယ်အသင်းနဲ့ အမေရိကန်ကုမ္ပဏီ Deel တို့ရဲ့ ဂျာစီလက် စပွန်ဆာစာချုပ်က တစ်နှစ်ပေါင်(၁၈)သန်းတန်ကြေးရှိကြောင်း သတင်းထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ရဝမ်ဒါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖြစ်တဲ့ Visit Rwanda နဲ့ ဂျာစီလက် စပွန်ဆာစာချုပ်ချုပ်ဆိုထားပေမဲ့ ရာသီကုန်ရင် လမ်းခွဲတော့မှာပါ။

ဒါကြောင့် အမေရိကန်အခြေစိုက် HR ကုမ္ပဏီဖြစ်တဲ့ Deel နဲ့ ပြောင်းလဲလက်တွဲတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ဂျာစီလက်စပွန်ဆာအဖြစ်လက်တွဲမယ်လို့ အတည်ပြုခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ဂျာစီလက် စပွန်ဆာဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြသလို၊ လက်ရှိအချိန်မှာတော့ စာချုပ်တန်ဖိုးပါ ထွက်ပေါ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဂျာစီလက်စပွန်ဆာအတွက် Deel ကုမ္ပဏီထံက တစ်နှစ်ကို ပေါင်(၁၈)သန်းရရှိမှာဖြစ်တဲ့အပြင် အောင်မြင်မှုအပေါ် မူတည်ပြီး ပေါင်(၂၅)သန်းအထိ မြင့်တက်နိုင်ကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ Visit Rwanda ထံက တစ်နှစ်ကို ပေါင်(၁၀)သန်းသာရရှိတာကြောင့် စပွန်ဆာအသစ်က တန်ဖိုးနှစ်ဆနီးပါး ရရှိလာခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent