အာတေတာနဲ့ လက်ဆွဲနှုတ်မဆက်ခဲ့တာ တမင်ရှောင်လွှဲခဲ့ခြင်းမဟုတ်ဘူးလို့ အာတေတာ ပြောကြား

အာတေတာနဲ့ လက်ဆွဲနှုတ်မဆက်ခဲ့တာ တမင်ရှောင်လွှဲခဲ့ခြင်းမဟုတ်ဘူးလို့ အာတေတာ ပြောကြား
Photo: X
Photo: X
Published 31 December 2025

အက်စတွန်ဗီလာအသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက အာဆင်နယ်နည်းပြ အာတေတာကို လက်ဆွဲနှုတ်မဆက်ခဲ့တာဟာ တမင်ရှောင်လွှဲခဲ့ခြင်းမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းကို (၁-၄)ဂိုးနဲ့ ရှုံံးနိမ့်ခဲ့ပြီး (၁၁)ပွဲဆက် နိုင်ပွဲရထားတဲ့ မှတ်တမ်း ရပ်တန့်သွားခဲ့ပါတယ်။

ပွဲအပြီးမှာ အူနိုင်းအမ်မရီဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တချို့ကိုသာ နှုတ်ဆက်ပြီး အဝတ်လဲခန်းထဲ ဝင်သွားခဲ့တဲ့အတွက် သတင်းသမားတွေက မေးမြန်းခဲ့ရာမှာ တမင်ရှောင်လွှဲခဲ့ခြင်းမဟုတ်ကြောင်းနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ စောင့်နေခဲ့သေးကြောင်း ဖြေရှင်းခဲ့တာပါ။

''ဒါက ရိုးရှင်းပါတယ်။ ခင်ဗျားစောင့်ကြည့်နိုင်ပါတယ်။ ပွဲအပြီးမှာ ကျွန်တော့်ရဲ့ လုပ်ရိုးလုပ်စဉ်က အမြဲတမ်းမြန်မြန်ပါပဲ။ လက်ဆွဲနှုတ်ဆက်ပြီး ကျွန်တော့်နည်းပြတွေ၊ ကျွန်တော့်ကစားသမားတွေနဲ့အတူ သွားတယ် ဒါမှမဟုတ် အဝတ်လဲခန်းထဲသွားတယ်။ ကျွန်တော် စောင့်နေခဲ့ပါသေးတယ်။ သူက ပျော်ရွှင်နေပြီး သူ့နည်းပြတွေနဲ့ ရှိနေတာကြောင့် ကျွန်တော် ဥမင်ထဲ ဝင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွက် ဘာပြဿနာမှမရှိပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။

အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်တုန်းက အာဆင်နယ်အသင်းကို အနိုင်ရတဲ့ပွဲမှာလည်း အာတေတာနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent