ဆယ်မီညို နောက်ဆုံးပွဲအဖြစ် ကစားခဲ့ခြင်းမဟုတ်ဟု ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ ပြောကြား

ဆယ်မီညို နောက်ဆုံးပွဲအဖြစ် ကစားခဲ့ခြင်းမဟုတ်ဟု ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ ပြောကြား
Photo: X
Photo: X
Published 31 December 2025

ဘုန်းမောက်အသင်းရဲ့နည်းပြ အိုင်ရာအိုလာက ဂါနာလက်ရွေးစင်တောင်ပံကစားသမား ဆယ်မီညိုအနေနဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ အသင်းအတွက် နောက်ဆုံးပွဲအဖြစ် ကစားခဲ့ခြင်းမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆယ်မီညိုဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်နေသူဖြစ်ပြီး ဇန်နဝါရီ(၁)ရက်မှာ လက်မှတ်ရေးထိုးဖွယ်ရှိတာကြောင့် ချယ်လ်ဆီးနဲ့ပွဲက ဘုန်းမောက်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ (၂-၂)ဂိုး သရေကျတဲ့ပွဲအပြီးမှာ ဆယ်မီညိုက ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့ကြောင်းလည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အိုင်ရာအိုလာကတော့ ''သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့နဲ့ ဆက်ရှိနေမှာပါ။ ဒီပွဲက ကျွန်တော်တို့အတွက် သူ နောက်ဆုံးကစားပေးတာမဟုတ်ပါဘူး။ သေချာပေါက် မဟုတ်ပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်အသင်းက ဆယ်မီညိုကို လျော်ကြေးစာချုပ်အတိုင်း ပေါင်(၆၅)သန်းနဲ့ ရောင်းထုတ်မှာဖြစ်ပေမဲ့ ဇန်နဝါရီ(၃)ရက်မှာ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်နဲ့ပွဲပြီးမှ ထွက်ခွာခွင့်ပြုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Most Read

Most Recent