ရိုးမား - ဂျီနိုအာ (ဒီဇင်ဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ရိုးမားက အခုနောက်ပိုင်း ရလဒ်တွေ ကျဆင်းလာတာကြောင့် ထိပ်ဆုံးက အင်တာမီလန်အသင်းနဲ့ (၆)မှတ်ကွာဟသွားပါတယ်။ ဂျီနိုအာကတော့ တန်းဆင်းဇုန်နှုတ်ခမ်းဝ ရောက်နေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးနှစ်ပွဲဆက်လည်း ရှုံးနိမ့်ထားပါတယ်။ ရိုးမားကွင်းမှာ အနိုင်မရတာ နှစ်ပေါင်း(၃၅)နှစ်ရှိပြီဖြစ်သလို၊ အဲဒီကာလအတွင်း အမှတ်ခွဲယူနိုင်တာတောင် (၄)ပွဲပဲ ရှိပါတယ်။ ရိုးမားအသင်း အိမ်ကွင်းနိုင်ပွဲနဲ့ ၂၀၂၅ ကို နှုတ်ဆက်မှာပါ။















