ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ကစားသမားဘဝက အနားယူ

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ကစားသမားဘဝက အနားယူ
Photo: X
Photo: X
Published 29 December 2025

နာမည်ကျော် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ အသက်(၃၈)နှစ်အရွယ်မှာ ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကာဗာနီဟာ နာပိုလီ၊ PSG ၊ မန်ယူ၊ ဗလင်စီယာ စတဲ့ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး PSG အသင်းမှာ အချိန်အကြာဆုံးကစားပြီး အောင်မြင်မှုအများဆုံး ရရှိခဲ့ပါတယ်။

ဥရုဂွေးအသင်းမှာတော့ လူးဝစ်ဆွာရက်ဇ်ရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့တာပါ။

လာမယ့် ဖေဖော်ဝါရီလမှာ အသက်(၃၉)နှစ်ပြည့်မယ့် ကာဗာနီဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းနဲ့ ၂၀၂၆ ဒီဇင်ဘာအထိ စာချုပ်သက်တမ်းတိုးထားပေမဲ့ တစ်နှစ်အလိုမှာပဲ အနားယူကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

ကာဗာနီက ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း Instagram ကတစ်ဆင့် ပရိသတ်တွေကို အသိပေးကြညာခဲ့တာဖြစ်ပြီး ဘယ်အသင်းမှာပဲ ကစားကစား အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အမြဲအမှတ်ရနေမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Most Read

Most Recent