တောင်အမေရိကမှာ ရာသီကြိုခြေစမ်းပွဲ(၃)ပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားကြောင်း အင်တာမိုုင်ယာမီအသင်း အတည်ပြုကြေညာ

တောင်အမေရိကမှာ ရာသီကြိုခြေစမ်းပွဲ(၃)ပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားကြောင်း အင်တာမိုုင်ယာမီအသင်း အတည်ပြုကြေညာ
Photo: Getty Images
Photo: Getty Images
Published 29 December 2025

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ၂၀၂၆ ရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် တောင်အမေရိကမှာ ရာသီကြိုခြေစမ်းပွဲ(၃)ပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပီရူး၊ ကိုလံဘီယာနဲ့ အီကွေဒေါနိုင်ငံတွေကို သွားရောက်ပြီး ဒေသခံ ထိပ်တန်းကလပ်တွေနဲ့ ခြေစမ်းယှဉ်ပြိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဇန်နဝါရီ(၂၄)မှာ ပီရူးနိုင်ငံရဲ့ ဒုတိယအအောင်မြင်ဆုံးကလပ်ဖြစ်တဲ့ Alianza Limaအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဇန်နဝါရီ(၃၁)မှာ ကိုလံဘီယာရဲ့ နာမည်ကျော်ကလပ်အသင်းဖြစ်တဲ့ အက်သလက်တီကိုနေစီယွန်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။

ဖေဖော်ဝါရီ(၇)မှာတော့ အီကွေဒေါနိုင်ငံရဲ့ အအောင်မြင်ဆုံးကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မေဂျာလိဂ်ကလပ်နဲ့ အီကွေဒေါကလပ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားတဲ့ပွဲအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ရာသီသစ်အတွက် အာဂျင်တီးနားကွင်းလယ်ကစားသမား ဒီပေါလ်နဲ့ စပိန်နောက်ခံလူ ရယ်ဂီလွန်တို့ကို ခေါ်ယူအားဖြည့်ထားပြီး ၀ါရင့်စပိန်ကစားသမားတွေဖြစ်တဲ့ အယ်လ်ဘာနဲ့ ဘူးစကွက်စ်တို့ကတော့ အနားယူသွားပြီဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent