■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် ညမထွက်ရအမိန့် ဒီဇင်ဘာလ ၂၇ ရက်မှ စ၍ ရုပ်သိမ်းဟု သိရ

■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် ညမထွက်ရအမိန့် ဒီဇင်ဘာလ ၂၇ ရက်မှ စ၍ ရုပ်သိမ်းဟု သိရ
Published 26 December 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် ညမထွက်ရအမိန့် ဒီဇင်ဘာလ ၂၇ ရက်မှ စ၍ ရုပ်သိမ်းကြောင်း ကနဦးသတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအတွင်း ညမထွက်ရ အမိန့်အားဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Most Read

Most Recent