နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့အတူ ဥရောပဖလားနှစ်ကြိမ် ဆွတ်ခူးခဲ့တဲ့ စကော့တလန်ကစားသမား ဂျွန်ရောဘတ်ဆန် ကွယ်လွန်

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့အတူ ဥရောပဖလားနှစ်ကြိမ် ဆွတ်ခူးခဲ့တဲ့ စကော့တလန်ကစားသမား ဂျွန်ရောဘတ်ဆန် ကွယ်လွန်
Photo: Getty Images
Photo: Getty Images
Published 26 December 2025

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့အတူ ဥရောပဖလား(ယခု ချန်ပီယံလိဂ်ဖလား)နှစ်ကြိမ် ဆွတ်ခူးခဲ့တဲ့ စကော့တလန်တောင်ပံကစားသမား ဂျွန်ရောဘတ်ဆန်ဟာ အသက်(၇၂)နှစ်အရွယ်မှာ ခရစ္စမတ်နေ့က ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဂျွန်ရောဘတ်ဆန်ဟာ ကစားသမားဘဝမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ဒါဘီကောင်တီ နှစ်သင်းမှာသာ ကစားခဲ့ဖူးပြီး နော်တင်ဟမ်ဖောရက်စ်အသင်းမှာတော့ နှစ်ကြိမ်ကစားခဲ့တာပါ။

၁၉၇၀ ကနေ ၁၉၈၃ အထိ တစ်ကြိမ်၊ ၁၉၈၅-၈၆ ရာသီမှာတစ်ကြိမ် ကစားခဲ့တာဖြစ်ပြီး ပထမအကြိမ် ကစားစဉ်အတွင်း ဥရောပဖလားချန်ပီယံဆုတွေနဲ့အတူ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုနဲ့ လိဂ်ဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ သမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံဆု တစ်ကြိမ်နဲ့ ဥရောပဖလားနှစ်ကြိမ်သာ ရယူနိုင်ခဲ့တာကြောင့် ဂျွန်ရောဘတ်ဆန်ဟာ အသင်းရဲ့ အကြီးမားဆုံးအောင်ပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်တဲ့အပြင် ၁၉၇၉ ဥရောပဖလားဗိုလ်လုပွဲမှာ အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို ဖန်တီးပေးခဲ့သူ၊ ၁၉၈၀ ဥရောပဖလားဗိုလ်လုပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းက အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျွန်ရောဘတ်ဆန် ကွယ်လွန်သွားကြောင်းကို ကြေကွဲစွာ ကြေညာလိုက်ကြောင်းနဲ့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ကြောင်း အသင်းရဲ့ အကြီးကျယ်အခမ်းနားဆုံးကစားသမား ငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

Most Read

Most Recent