ပြိုင်ပွဲတိုင်းမှာ မိမိတို့ ဆုဖလားရယူနိုင်စွမ်းရှိတယ်လို့ ဆာလီဘာ ပြောကြား

ပြိုင်ပွဲတိုင်းမှာ မိမိတို့ ဆုဖလားရယူနိုင်စွမ်းရှိတယ်လို့ ဆာလီဘာ ပြောကြား
Photo: X
Photo: X
Published 26 December 2025

အာဆင်နယ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာက ပြိုင်ပွဲတိုင်းမှာ မိမိတို့ ဆုဖလားရယူနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရှိနေသလို၊ လိဂ်ဖလားမှာ ဆီမီးဖိုင်နယ်တက်ရောက်ထားပြီး FA ဖလားမှာတော့ တတိယအဆင့်မှာ ပို့စ်မောက်နဲ့ ယှဉ်ပြိုင်ရမှာပါ။

အာဆင်နယ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လိဂ်ဖလားနဲ့ FA ဖလားမှာတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ရှိနေပါတယ်။

ဒါကြောင့် ဆာလီဘာက ဆုဖလားအားလုံး ရယူနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့တာပါ။

''ပြီးခဲ့တဲ့(၃)ရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရဖို့ နီးစပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲတိုင်းမှာ ဆုဖလားရယူနိုင်စွမ်းရှိတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ဒါကို ကွင်းထဲမှာ ပြသရမှာဖြစ်ပြီး ဆုဖလားတွေ စတင်ရယူရတော့မှာပါ'' လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာ နှစ်(၂၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်သလို၊ ချန်ပီယံလိဂ်ဖလားကိုလည်း မရရှိဖူးသေးတဲ့အပြင် လက်ရှိနည်းပြ အာတေတာ လက်ထက်မှာ FA ဖလားတစ်လုံးသာ ရရှိထားပေမဲ့ ဒီရာသီမှာတော့ ဆုဖလားအောင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့ အလားအလာကောင်းနေပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Most Read

Most Recent