နယ်သာလန်အကောင်းဆုံးနည်းပြဆုရရှိတဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် ဆာရီနာဝိဂ်မန်း မှတ်တမ်းဝင်

နယ်သာလန်အကောင်းဆုံးနည်းပြဆုရရှိတဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် ဆာရီနာဝိဂ်မန်း မှတ်တမ်းဝင်
Photo: X
Photo: X
Published 19 December 2025

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဆာရီနာဝိဂ်မန်းဟာ နယ်သာလန်အကောင်းဆုံးနည်းပြဆုရရှိတဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်အတွက် အားကစားထူးချွန်ဆုချီးမြှင့်ပွဲကို နယ်သာလန်အိုလံပစ်ကော်မတီက ဗုဒ္ဓဟူးညမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကောင်းဆုံးဘောလုံးနည်းပြဆုကို ဆာရီနာဝိဂ်မန်းက အမျိုးသားနည်းပြတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာပါ။

ဆာရီနာဝိဂ်မန်းဟာ ၂၀၂၅ ခုနှစ်မှာ အင်္ဂလန်အမျိုးသမီးအသင်းကို ယူရိုချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or အကောင်းဆုံးအမျိုးသမီးနည်းပြဆုနဲ့ FIFA The Best အကောင်းဆုံးအမျိုးသမီးနည်းပြဆုတွေ ရရှိထားသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် BBC Sports Personality of the Year ဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဆာရီနာဝိဂ်မန်းက သူ့အနေနဲ့ မျိုးဆက်သစ်အမျိုးသမီးနည်းပြတွေကို စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်သူ ဖြစ်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent