၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ် စျေးနှုန်းမြင့်မားခြင်းအတွက် ဖီဖာကို ပရိသတ်များ ဝေဖန်ပြစ်တင်

၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ် စျေးနှုန်းမြင့်မားခြင်းအတွက် ဖီဖာကို ပရိသတ်များ ဝေဖန်ပြစ်တင်
Photo: X
Photo: X
Published 12 December 2025

ဘောလုံးပရိသတ်အဖွဲ့အစည်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်မှတ်စျေးနှုန်း မြင့်မားခြင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဖီဖာဟာ ဒီဇင်ဘာ ၅ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲပွဲပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှာ အွန်လိုင်းမှတစ်ဆင့် တတိယအသုတ် လက်မှတ်ရောင်းချမှုပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ရောင်းချရာမှာ လက်မှတ်စျေးနှုန်းတွေက အဆမတန်မြင့်မားနေတာကြောင့် ဥရောပဘောလုံးအားပေးသူများအဖွဲ့(FSE) က ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားလက်မှတ်ရောင်းချမှုကို ချက်ချင်းရပ်တန့်သင့်ကြောင်းလည်း အရေးဆိုခဲ့ပါတယ်။

FSE က ဖီဖာရဲ့ လက်မှတ်စျေးနှုန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် သစ္စာမဲ့လွန်းရာကျကြောင်းလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဖီဖာဟာ ၂၀၁၈ ခုနှစ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စျေးသက်သာတဲ့ ထိုင်ခုံလက်မှတ်များစွာ စီစဉ်ပေးသွားမယ်လို့ ကတိပြုခဲ့ပေမဲ့ လက်တွေ့မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားထက်တောင် ပျမ်းမျှခြင်းအားဖြင့် ခုနစ်ဆလောက် စျေးကြီးနေကြောင်း သိရပါတယ်။

ဒါကြောင့် အလုပ်သမားလူတန်းစားတွေ အားပေးကြည့်ရှုဖို့ မလွယ်ကူတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တယ်လို့လည်း အင်္ဂလန်ပရိသတ်တချို့က ဆိုခဲ့ကြပါတယ်။

Most Read

Most Recent