မန်ယူအသင်းရဲ့အသားတင်အကြွေးပမာဏ ဒေါ်လာတစ်ဘီလီယံအထက်ကို ပထမဆုံးအကြိမ်ရောက်ရှိလာ

မန်ယူအသင်းရဲ့အသားတင်အကြွေးပမာဏ ဒေါ်လာတစ်ဘီလီယံအထက်ကို ပထမဆုံးအကြိမ်ရောက်ရှိလာ
Photo: X
Photo: X
Published 12 December 2025

မန်ယူအသင်းရဲ့ အသားတင်အကြွေးပမာဏဟာ ဒေါ်လာ(၁)ဘီလီယံအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ၂၀၂၅-၂၆ ရာသီ ပထမ(၃)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာမှာ အမြတ်ငွေ ပေါင်(၁၃)သန်းရရှိခဲ့ပေမဲ့ အသားတင်ကြွေးမြီကတော့ ဒေါ်လာ(၁.၀၀၂)ဘီလီယံ (ပေါင် ၇၄၉ သန်း)  ရှိလာခြင်းဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ ဘောလုံးရေးရာကိစ္စတွေကို စီမံခွင့်ရရှိနေတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်က အသင်းရဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီထက် အမြတ်ငွေ မြင့်တက်လာခဲ့ပေမဲ့   အသားတင်ကြွေးမြီကတော့ ထပ်တိုးလာခဲ့တာပါ။ 

မန်ယူအသင်းဟာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရတာကြောင့် ကွင်းဝင်ကြေးနဲ့ ရုပ်သံဝင်ငွေတွေ လျော့ကျခဲ့ကြောင်းလည်း သိရပါတယ်။ 

မန်ယူအသင်းဟာ အခုလိုမျိုး ကြွေးမြီပမာဏ မြင့်တက်လာခဲ့ပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိနိုင်မယ့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။

Most Read

Most Recent