မက်ဇ် - ရန်းစ် (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)
နောက်ဆုံးသုံးပွဲဆက် အနိုင်ရထားတဲ့ ရန်းစ်ရဲ့ခြေစွမ်းက တော်တော်လေးအားရစရာကောင်းနေပါတယ်။ မက်ဇ်ကိုလည်း ထိပ်တိုက်ဆုံတွေ့တဲ့ နောက်ဆုံး (၇)ပွဲဆက် အနိုင်ယူထားပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ရန်းစ်နဲ့ပဲ စွန့်စားချင်ပါတယ်။
မိုချန်ဂလာဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စနေနံနက် ၂းဝ၀ နာရီ)
အမှတ်ပေးဇယားရပ်တည်မှုက လိုက်ပ်ဇစ်က အပေါ်စီးက ရှိနေပေမဲ့ လတ်တလောရလဒ်ပိုင်းမှာတော့ မိုချန်ဂလာဘတ်က (၅)ပွဲဆက် အနိုင်ရထားပါတယ်။ မိုချန်ဂလာဘတ်ကွင်းမှာလည်း လိုက်ပ်ဇစ် ရုန်းကန်ရလေ့ရှိပါတယ်။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။
ကိုမို - ဆာဆူအိုလို (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)
ကိုမိုက တစ်ခါတလေ ဂိုးပေါက်ပျောက်တတ်တာကလွဲရင် ပြိုင်ဘက်တိုင်းကို အန္တရာယ်ပေးနိုင်တဲ့အသင်း ဖြစ်လာပါတယ်။ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ကို အနိုင်ကစားခဲ့တာကလည်း အထင်ကြီးချင်စရာပါ။ ကိုမိုကိုပဲ ကြိုက်ပါတယ်။
ဂီတာဖေး - အယ်လ်ချီ (မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀ နာရီ)
ရပ်တည်မှုနဲ့ အမှတ်ချင်း မတိမ်းမယိမ်းဆိုပေမဲ့ အယ်လ်ချီက သရေပွဲတွေ များနေပါတယ်။ ဒါပေမဲ့ ရီးယဲလ်လိုအသင်းကို သရေကစားခဲ့တာကြောင့် လျှော့တွက်လို့်တော့ မရပါဘူး။ ဒီပွဲလည်း သရေပဲ ဖြစ်ဖို့များပါတယ်။















