◘ ကာဇက်စတန် - ဘယ်လ်ဂျီယံ (ည ၈း၃၀ နာရီ)
ပထမအကျော့ အိမ်ကွင်းမှာတုန်းက ဘယ်လ်ဂျီယံအသင်း ကာဇက်စတန်ကို ဂိုး ဒါဇင်ဝက်အထိ ဂိုးပြတ်သွင်းယူနိုင်ခဲ့တယ်။ ကာဇက်စတန်က အခုပွဲကို အိမ်ကွင်းကစားရမှာဖြစ်ပေမဲ့ အုပ်စုက ထွက်ရပြီဖြစ်လို့ မျှော်လင့်ချက်မရှိတော့ပါဘူး။ ဘယ်လ်ဂျီယံ
ကတော့ လက်ကျန်နှစ်ပွဲမှာ လေးမှတ်လိုပါတော့တယ်။ ဘယ်လ်ဂျီယံအသင်း ဂိုးပြတ်နိုင်ပွဲရဦးမှာပါ။
◘ ဂျော်ဂျီယာ - စပိန် (ည ၁၁း၃၀ နာရီ)
စပိန်အသင်းက အုပ်စုပွဲစဉ်လေးပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားသလို ခံစစ်က တစ်ဂိုးမှမပေးရသေးဘဲ ပွဲတိုင်းရထားတယ်။ တိုက်စစ်ကလည်း လေးပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံးပုံစံရနေတယ်။ ယာမားလ် မပါနိုင်ပေမဲ့ စပိန်တိုက်စစ်က အားလျော့သွားဖို့မရှိပါဘူး။ ဂျော်ဂျီယာက စပိန်အတွက် ပြိုင်ဘက်အဆင့်မဟုတ်လို့ ဂိုးမိုးရွာဦးမှာပါ။
◘ ဆွစ်ဇာလန် - ဆွီဒင် (နိုဝင်ဘာ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
ဆွီဒင်တိုက်စစ်မှာ ယိုကာရက်စ် မပါဝင်ဘဲ အီဆက်ခ်၊ အယ်လန်ဂါတို့ပဲ ကစားလိမ့်မယ်။ ဆွီဒင်အနေနဲ့ တစ်ဖက်မှာ Nations League ကနေ တစ်ဖက်မှာ Playoffs ကစားခွင့်တော့ ရှိတယ်။ ဒါပေမဲ့ နည်းပြသစ် ဂရေဟမ်ပေါ်တာရဲ့ပွဲဦးထွက်ဖြစ်နေတာကို
သတိပြုရမယ်။ ဆွီဒင်ကိုပဲ ကြိုက်တယ်။
◘ အခြားပွဲစဉ်များ
ဆိုက်ပရပ်စ် - သြစတြီးယား*
လက်ချင်စတိန်း - ဝေးလ်စ်*
*တူရကီ - ဘူလ်ဂေးရီးယား
ဘော့စနီးယား - ရိုမေးနီးယား*
*ဒိန်းမတ် - ဘယ်လာရုစ်
ဂရိ - စကော့တလန်*
*ဆလိုဗေးနီးယား - ကိုဆိုဗို
Photos: Teams' Facebook















