ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူရှစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူရှစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
Published 7 November 2025

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူရှစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာသို့ နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီခန့်တွင် PDF ၁၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး မုန်းဇလဲကျေးရွာနေသူများဖြစ်သည့် ဦးအောင်ခင်ညွန့််နှင့် ၎င်းဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နှင့် ၎င်းဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေးနှင့် ၎င်း၏ညီမဖြစ်သူ ဒေါ်နှင်းရီ်၊ ဒေါ်ခင်ပိုတို့ရှစ်ဦးကို  နေအိမ်များတွင် လိုက်လံရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးခံရသူများကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ကြောင်း သိရသည်။

Most Read

Most Recent