■ ထိုင်းနှင့် မြန်မာတွင် အသုံးများနေသည့် Hong Thai ရှူဆေးဘူးများတွင် ဗက်တီရီးယားပါဝင်မှု များနေသည့်အတွက် ထိုင်း FDA က ကျန်းမာရေးသတိပေးချက်ထုတ်ပြန်

■ ထိုင်းနှင့် မြန်မာတွင် အသုံးများနေသည့် Hong Thai ရှူဆေးဘူးများတွင် ဗက်တီရီးယားပါဝင်မှု များနေသည့်အတွက် ထိုင်း FDA က ကျန်းမာရေးသတိပေးချက်ထုတ်ပြန်
Published 29 October 2025

ထိုင်းနှင့် မြန်မာနိုင်ငံတွင် အသုံးများနေသည့် Hong Thai ရှူဆေးဘူးများတွင် ဗက်တီရီးယားပါဝင်မှု များနေသည့်အတွက် ထိုင်း FDA က ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း Strait Times သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ ရှူဆေးဘူးများ၏ ဓာတ်ခွဲစမ်းသပ်မှု ရလဒ်များနှင့်ပတ်သက်ပြီး ထိုင်း FDA က တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Hong Thai Panich ကုမ္ပဏီက ထုတ်လုပ်သည့် မှတ်ပုံတင်နံပါတ် G 309/62 ၊ Hong Thai Herbal Formula 2 အမှတ်တံဆိပ် အစိမ်းနုရောင် ရှူဆေးဘူးများ၏ နမူနာများကို ဆေးသိပ္ပံဌာနက စုဆောင်းရယူခဲ့သည်။

လေ့လာချက်များအရ အဆိုပါ ထုတ်ကုန်များသည် ဗက်တီးရီးယားပါဝင်မှုများနေပြီး သတ်မှတ်အရည်အသွေးစံနှုန်းကို ပြည့်မီခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

Thai Herbal Hong Thai ကုမ္ပဏီကမူ ၎င်းတို့၏ ရှူဆေးဘူးအားလုံးမဟုတ်ဘဲ ကုန်ထုတ်လုပ်မှုနံပါတ်စဉ် ၀၀၀၃၃၂ (Lot 000332) ရှူဆေးဘူးများသာ သတ်မှတ်ပမာဏထက် ဗက်တီးရီးယားနှင့် ပိုးမွှားပါဝင်မှုနှုန်း များပြားခဲ့ခြင်းဖြစ်ပြီး ယင်းရှူဆေးဘူးများကို ပြန်လည်သိမ်းယူနေကြောင်း ကြေညာခဲ့သည်။ 

Ref: Straits Times

 

Most Read

Most Recent