E-စီးကရက်(Vape) သုံးစွဲသူများတွင် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေအလွန်မြင့်မားခြင်းကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် သတိပြုဖွယ် E-စီးကရက်(Vape) အန္တရာယ် E-စီးကရက်(Vape) ၏ အစိတ်အပိုင်းများ ရည်ကို အဖြစ်ပြောင် E-စီးကရက် (Vape) သောက်သုံးခြင်းသည် ဆေးလိပ်၊ စီးကရက်များ သောက်သုံးခြင်း ကဲ့သို့ သုံးစွဲသူ၏ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေခြင်း၊ သုံးစွဲသူတွင် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားခြင်းတို့ကို တွေ့ရှိရသည်။
E-စီးကရက် (Vape) အငွေ့တွင် ပါဝင်သော အန္တရာယ်ရှိပစ္စည်းများ အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ ကင်ဆာဖြစ်စေနိုင်သော သည် ဓာတုပစ္စည်းများ ၊နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲသား စသည့် သတ္တုပစ္စည်းများ ၊သာမန်မျက်စိဖြင့် မမြင်နိုင်သော အမှုန်များ၊ အဆုတ်ကို ဆိုရွားစွာ ထိခိုက်စေနိုင်သည့် ရနံ့အရသာပေးသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ုပြင် E- စီးကရက် (Vape) တွင် စီးကရက်နှင့် အခြားဆေးလိပ်/ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းကဲ့သို့ပင် သုံးစွဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်နှင့် အသက်အန္တရာယ်ဖြစ်စေသော ဓါတုပစ္စည်းများစွာ ပါဝင်သည်။
နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်နိုင်မှုကို ကျဆင်းလာခြင်း နှင့် သင်ယူနိုင်စွမ်းရည် နည်းပါးလာခြင်းတို့ဖြစ်ပေါ်စေနိုင်သည်။ E- စီးကရက် (Vape) ငွေတွင် ပါဝင်သော ဓာတုပစ္စည်းများသည် အဆုတ်ကို ထိခိုက်ပျက်စီးစေသကဲ့သို့ နောက်ဆက်တွဲကင်ဆာရောဂါ များကိုလည်း ဖြစ်ပွားစေနိုင်သည်။ E-စီးကရက် (Vape) အတွင်းရှိ ဘက်ထရီချွတ်ယွင်းပြီး ပေါက်ကွဲခြင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်သည်။
E-စီးကရက် (Vape) အရည် ကို မတော်တဆသောက်မိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်စိထဲဝင်ရောက်ခြင်း နှင့် အရေပြားပေါ်ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံး သည်အထိ ဖြစ်စေနိုင်ပါသည်။ E-စီးကရက် (Vape) သောက်သုံးသူများထံမှ ထွက်လာသော အငွေ့များသည် ပတ်ဝန်းကျင်မှ လူအများကိုရှူရှိုက်မိပြီး ၎င်းတို့ကို အန္တရာယ်ဖြစ်စေသည်။ E- စီးကရက်(Vape) သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။















