■ လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုပြည့်နေပြီလို့ အီဆက်ခ် ကြုံးဝါး

■ လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုပြည့်နေပြီလို့ အီဆက်ခ် ကြုံးဝါး
Photos: Liverpool FC
Photos: Liverpool FC
Published 11 October 2025



လီဗာပူးလ်အသင်းတိုက်စစ်မှူး အီဆက်ခ်က အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုပြည့်နေပြီလို့ ကြုံးဝါးခဲ့ပါတယ်။



အီဆက်ခ်(၂၆ နှစ်)ဟာ လီဗာပူးလ်နဲ့ နွေရာသီကာလတစ်လျှောက်လုံး သတင်းတွေထွက်ခဲ့ပြီး အဆုံးသတ်မှာ ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။



စက်တင်ဘာလ ၂၃ ရက်က လိဂ်ဖလားပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက်ကစားခွင့် ရခဲ့ပြီး အခြားသုံးပွဲလည်း ပွဲထွက်ခဲ့ပါတယ်။



ဒါပေမဲ့ အခုချိန်အထိ လီဗာပူးလ်အသင်းအတွက် ပွဲချိန် မိနစ် ၉၀ စလုံး ကစားခွင့်မရဘဲ ဖြစ်နေတာပါ။



''ကျွန်တော် အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ လိုအပ်ရင် မိနစ် ၉၀ စလုံးကစားဖို့ ကျွန်တော် အသင့်ရှိနေပါတယ်''လို့ အီဆက်ခ်က ပြောခဲ့ပါတယ်။



အီဆက်ခ်ဟာ လီဗာပူးလ်အသင်းကို ရောက်လာပြီးကတည်းက ပွဲချိန်ပြည့်မကစားရသေးပေမဲ့ ခြောက်ပွဲကစားကာ တစ်ဂိုး သွင်းယူထားပါတယ်။



 

Most Read

Most Recent