ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ထုတ်ပြန်

ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ထုတ်ပြန်
Published 10 October 2025

ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက်ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ဦးစီးဌာန၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ကြောင်း ဦးစီးဌာနက တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းကလည်း ပြည်တွင်းအခွန်ဦးစီးဌာနမှဟုဆိုကာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ များပြားခဲ့ပြီး ငွေကြေးဆုံးရှုံးရခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အခွန်ဆောင်ရန်ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်အချို့၏ Viber နံပါတ်များသို့ ကနဦး ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖုန်းခေါ်ဆိုမှုများပြုလုပ်ကြောင်း၊ Viber မှတစ်ဆင့် ပေးပို့ထားသည့်အချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရန်ပြောကြားကြောင်း၊ ယင်းနောက် ပေးပို့ထားသည့် Link ထဲဝင်ရောက်ကာ စစ်ဆေးပေးရန် ပြောကြားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့လိမ်လည်မှုများတွင် စီးပွားရေးလုပ်ငန်းကြီးများသာမက လုပ်ငန်းငယ်များတွင်လည်း အလားတူပုံစံဖြင့် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပွားခဲ့ပြီး ငွေကြေးဆုံးရှုံးများရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent