အဲဗာတန်အသင်းနဲ့ သက်တမ်းတိုးခဲ့တဲ့ တာကောစကီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းထားကြောင်း ပြောကြား

အဲဗာတန်အသင်းနဲ့ သက်တမ်းတိုးခဲ့တဲ့ တာကောစကီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းထားကြောင်း ပြောကြား
Photo: Everton
Photo: Everton
Published 8 October 2025

အဲဗာတန်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ တာကောစကီးဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။

အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ တာကောစကီးဟာ ၂၀၂၂ နွေရာသီမှာ ဘန်လေကနေ အဲဗာတန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

တာကောစကီးဟာ အဲဗာတန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ပေးခံထားရသူဖြစ်တာကြောင့် အဲဗာတန်အသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တာကောစကီးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့သူဖြစ်ပေမဲ့ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ ဘန်လေအသင်းမှာတုန်းက ယူရိုပါလိဂ်ခြေစစ်ပွဲ ဆင်နွှဲဖူးတာသာ ရှိခဲ့ပါတယ်။

ဒါကြောင့် တာကောစကီးက ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းထားကြောင်းနဲ့ နည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ဒီအခွင့်အရေးရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent