မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ဟာလန်း ပါဝင်လာ

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ဟာလန်း ပါဝင်လာ
Photo: Man City
Photo: Man City
Published 29 September 2025

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဘန်လေနဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ပါဝင်လာကြောင်း သိရပါတယ်။

ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၅၃)ပွဲကစားအပြီးမှာ (၁၃၃)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့်(၉)နေရာ ရောက်ရှိလာခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားကတော့ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဖြစ်ပြီး ဂိုးပေါင်း (၂၆၀) သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ နော်ဝေကစားသမားအဖြစ်လည်း လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပါတယ်။

အရင်က မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားလ်နဲ့အတူ (၉၁)ဂိုးစီဖြစ်နေခဲ့ရာက ဘန်လေနဲ့ပွဲအပြီးမှာတော့ ဟာလန်းက ပရီးမီးယားလိဂ်သွင်းဂိုး (၉၃)ဂိုးရှိသွားခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

Most Read

Most Recent