■ ထိုင်းနိုင်ငံ မဲဆောက်ဈေးတွင် ငရုပ်သီးမှုန့် ဈေးလျော့ရောင်းသည့်ကိစ္စဖြင့် မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်မှုကြောင့် မြန်မာခြောက်ဦး ဖမ်းဆီးခံရ ■ တစ်ရက်အကြာတွင် အဆိုပါမဲဆောက်ဈေး၌ ထိုင်းတာဝန်ရှိသူများ စုံစမ်းစစ်ဆေး

■ ထိုင်းနိုင်ငံ မဲဆောက်ဈေးတွင် ငရုပ်သီးမှုန့် ဈေးလျော့ရောင်းသည့်ကိစ္စဖြင့် မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်မှုကြောင့် မြန်မာခြောက်ဦး ဖမ်းဆီးခံရ ■ တစ်ရက်အကြာတွင် အဆိုပါမဲဆောက်ဈေး၌ ထိုင်းတာဝန်ရှိသူများ စုံစမ်းစစ်ဆေး
Published 25 August 2025

ထိုင်းနိုင်ငံ မဲဆောက်စျေးတွင် ငရုပ်သီးမှုန့် စျေးလျော့ရောင်း၍ မြန်မာစျေးသည်အချင်းချင်း ရန်ဖြစ်မှုကြောင့် မြန်မာခြောက်ဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာတွင် အဆိုပါမဲဆောက်စျေး၌ ထိုင်းတာဝန်ရှိသူများ သြဂုတ် ၂၅ ရက်က စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မဲဆောက်စျေးတွင် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်က ငရုပ်သီးမှုန့် စျေးလျော့ရောင်း၍ မြန်မာစျေးသည်အချင်းချင်းဖြစ်သည့် ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် မြန်မာခြောက်ဦး ဖမ်းဆီးရခံရကာ စျေးအတွင်းသို့ ထိုင်းလဝက၊ ရဲ၊ မြို့စောင့်တပ်ဖွဲ့ဝင်များမှ စုံစစ်ဆေးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းရောက် မြန်မာနိုင်ငံသားများ အနေကြပ်၊ အစားကြပ်သည့်လုပ်ရပ်မျိုးမလုပ်ကြပဲ၊ လောဘ၊ အတ္တ၊ မာန်မာနများ လျော့ကြပြီး မိခင်ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အလုပ်ကိုလုပြီး လုပ်ကိုင်နေသလိုဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောကြားသည်။

“ကြားလို့မတော်၊ မြင်လို့မကောင်း၊ ထိုင်းရောက်မြန်မာတွေ ဘယ်လိုမှမြင်မေကောင်းတဲ့ မြင်ကွင်းပါ။ ဩဂုတ် ၂၃ နဲ့ ၂၄ နှစ်ရက်ဆက်တိုက် ရန်ဖြစ်တာဗျ၊ မဲဆောက်စျေးကြီးမှာ၊ ငရုတ်သီးမှုန့်စျေးလျော့ရောင်းတာကနေစဖြစ်တာ၊ ပထမလက်နဲ့၊ မနေ့က ၂၄ ရက်မှာ ဒုတ်တွေ၊ ဓားတွေပါလာတယ်၊ ဒီနေ့ ၂၅ ရက်မှာတော့ ထိုင်းလဝက၊ မြို့စောင့်တပ်၊ ရဲအဖွဲ့စုံဟာ မဲဆောက်စျေးထဲကို ရှောင်တခင်ဝင်ရောက်စစ်ဆေးတယ်။ ပြဿနာစဖြစ်တဲ့ မြန်မာနိုင်ငံသား ခြောက်ယောက်ကိုတော့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ။ မဟာချိုင်ပြီးရင် ဒုတိယမြန်မာအများဆုံးရှိတဲ့ မဲဆောက်မြို့က မြန်မာတွေ အနေကြပ်၊ အစားကြပ် သက်တောင့်သက်သာမရှိတဲ့ ဟာမျိုးပေါ့၊ ကိုယ်ရဲ့အတ္တတွေ၊ လောဘတွေရှေ့တန်းမတင်ပဲနဲ့ ကိုယ်ရောက်နေတာ ကိုယ့်နိုင်ငံမဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာလည်း ဒီလိုစည်းပျက်ကမ်းပျက်တွေ လုပ်ခွင့်မရှိဘူး။ သူများနိုင်ငံဆိုတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခုက စျေးရောင်းတဲ့အလုပ်က ထိုင်းဥပဒေအရတားမြစ်ထားတဲ့ အလုပ်အကိုင် ၂၇ မျိုးထဲပါတယ်။ ထိုင်းလူမျိုးတွေအလုပ်ကို လုလုပ်ပါတယ်လို့ ထိုင်းမျိုးချစ်တွေက တွင်တွင်ကျယ်ကျယ်အော်နေတဲ့ကာလမှာ ထိုင်းရောက်မြန်မာတွေ အနေကြပ်အောင်ဘာဖြစ်လို့ လုပ်ချင်ကြတာလဲ။ လောဘ၊ မာန်မာနတွေလျော့ကြပါ။ ကိုယ်ကနိုင်ငံခြားသား၊ မိခင်ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့အလုပ်ကို လုပြီးလုပ်ကိုင်နေသလို ဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိကြပါ” ဟု ဦးမိုးကြိုးက ပြောကြားသည်။

ဩဂုတ် ၂၅ ရက် နံနက်က ထိုင်းရဲ၊ လဝက၊ မြို့စောင့်တပ်များပါဝင်သည့် ပူးပေါင်းအဖွဲသည် မဲဆောက်စျေးအတွင်း၌ မြန်မာနိုင်ငံသားစျေးသည်များ ရောင်းချနေသော စျေးဆိုင်များအား လမ်းနှင့်မလွတ်ကင်းဟုဆိုကာ သိမ်းဆည်းမှုများ လုပ်ဆောင်သွားကြောင်း မဲဆောက်မြို့တွင် နေထိုင်သူမြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

Most Read

Most Recent