■ နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုနေကြောင်းနှင့် ရနောင်းဆိပ်ကမ်းမှ ပြည်တွင်းသို့တင်သွင်းမည့်ကုမ္ပဏီများကို ဦးစားပေး ခွင့်ပြုပေးနေကြောင်း သိရ

■ နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုနေကြောင်းနှင့် ရနောင်းဆိပ်ကမ်းမှ ပြည်တွင်းသို့တင်သွင်းမည့်ကုမ္ပဏီများကို ဦးစားပေး ခွင့်ပြုပေးနေကြောင်း သိရ
Published 19 August 2025

နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုနေကြောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်တွင်းသို့တင်သွင်းမည့်ကုမ္ပဏီများကို ဦးစားပေးခွင့်ပြုပေးနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေ (Export Earning) ရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုပေးနေကြောင်း သိရသည်။ တင်သွင်းလိုသည့် ကုန်ပစ္စည်းအားလုံးကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ရနောင်း-ကော့သောင်း-ရန်ကုန်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ သင်္ဘောများဖြင့် တင်သွင်းပါက ပိုအဆင်ပြေကြောင်းလည်း လုပ်ငန်းရှင်များထံမှ သိရသည်။

ရနောင်းဆိပ်ကမ်းမှ ပြည်တွင်းသို့ တင်သွင်းမည့်ကုမ္ပဏီများကို သွင်းကုန်လိုင်စင်များ ဦးစားပေးပိုမိုခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရပြီး သင်္ဘောများလည်း လုံလောက်စွာရှိနေကြောင်း သိရသည်။ သင်္ဘောပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များက သွင်းကုန်လိုင်စင်နှင့် တရားဝင်ကုန်သွယ်မှုဆောင်ရွက်ရန်နှင့် ပုံမှန်အတိုင်း ကော့သောင်းကဲ့သို့ Check Point များတွင် ဝင်ရောက်စစ်ဆေးခံရန်လိုကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်ရငွေများ အခြားကုမ္ပဏီကို လွှဲပြောင်းသုံးစွဲခွင့်ပြုလိုက်သည့်အတွက် ပို့ကုန်တင်ပို့သူများအတွက် အားသာချက်များရှိသကဲ့သို့ သွင်းကုန်တင်သွင်းသူများအတွက်လည်း ပို့ကုန်ရငွေကို အလွယ်တကူ လွှဲပြောင်းသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေ တရားမဝင်ဝယ်ယူရန် မလိုအပ်တော့သောကြောင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတည်ငြိမ်လာမည်ဖြစ်သည်။ ကုန်သွယ်မှုပိုမိုတိုးတက်လာမည်ဖြစ်ပြီး ကုန်စျေးနှုန်းလည်း အထိုက်အလျောက် ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေလမ်းမှသယ်ယူပို့ဆောင်ခြင်းဖြစ်သဖြင့်ကုန်ပစ္စည်းပျက်စီးမှု သက်သာစေမည့်အပြင် သယ်ယူစရိတ်ကိုလည်း လျှော့ချနိုင်မည်ဟု သုံးသပ်မှုများရှိခဲ့သည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ကုန်စျေးနှုန်း တည်ငြိမ်မှန်ကန်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားတဲ့စည်းကမ်းများကို သိရှိနားလည်အောင် ကြိုးပမ်းပြီး စနစ်တကျ လုပ်ဆောင်နေသည့်ကုမ္ပဏီ၊ ကုန်သည်များလည်း များစွာရှိကြောင်း သိရသည်။ တရားမဝင်ကုန်သွယ်မှုများ လုပ်ဆောင်နေမှုကို တားဆီးရန် နိုင်ငံတကာတွင်လည်း Illicit Trade ကို ဆန့်ကျင်တားဆီးကြကြောင်း၊ မြန်မာ-ထိုင်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးကိစ္စများအတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင်များကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ Responsible Business များအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် သွင်းကုန်လိုင်စင်များ လွယ်ကူစွာရရှိပြီး တရားဝင်တင်သွင်းနိုင်သည်နှင့်အမျှ စျေးကွက်တွင် ကုန်ပစ္စည်းစျေးနှုန်းများ တည်ငြိမ်လာမည်ဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် Earning ကို လွယ်လွယ်ကူကူ ရောင်းချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းလည်း တည်ငြိမ်နေမည်ဖြစ်ကာ စျေးကွက်တွင် စျေးကွက်လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှု အချိုးကျပြီး ကုန်စျေးနှုန်းတည်ငြိမ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရနောင်း - ကော့သောင်း - ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ရေကြောင်းဖြင့်ပို့ဆောင်ရာတွင် မြဝတီလမ်းကြောင်းက သွားလာရခြင်းထက် ကုန်ကျစရိတ်သက်သာလျော့ကျပြီး လမ်းခရီး လုံခြုံစွာသွားလာနိုင်မည်ဖြစ်သဖြင့် ကုန်သည်လုပ်ငန်းရှင်၊ စားသုံးသူအားလုံးအတွက် အကျိုးကျေးဇူးများစွာဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရနောင်း - ကော့သောင်း - ရန်ကုန် Border Trade Method အရ ပို့ကုန်ရငွေရှိသူများကို သွင်းကုန်လိုင်စင်ခွင့်ပြုပေးမည်ဖြစ်သဖြင့် တရားမဝင်တင်သွင်းမှုတွေ လျော့နည်းသွားနိုင်သကဲ့သို့ အခွန်လည်း ပြည့်ပြည့်ဝဝရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent