ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ဥရောပဘောလုံးလောကကို ပြန်လည်ရောက်ရှိလာ

ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ဥရောပဘောလုံးလောကကို ပြန်လည်ရောက်ရှိလာ
Photo: X
Photo: X
Published 4 August 2025

ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ဟာ ဆိုက်ပရပ်စ်ကလပ် ပါဖို့စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ဥရောပဘောလုံးလောကကို ပြန်လည်ရောက်ရှိလာကြောင်း သိရပါတယ်။

ဒေးဗစ်လူးဝစ်ဇ်(၃၈ နှစ်)ဟာ ၂၀၂၁ ကစပြီး ဘရာဇီးလ်ကလပ်တွေဖြစ်တဲ့ ဖလာမင်ဂိုနဲ့ ဖိုတယ်လယ်ဇာအသင်းတွေမှာ ကစားနေခဲ့တာဖြစ်ပြီး သြဂုတ်(၁)ရက်နေ့မှာမှ ဖိုတယ်လယ်ဇာအသင်းနဲ့ လမ်းခွဲခဲ့တာပါ။

ဒါကြောင့် ဒေးဗစ်လူးဝစ်ဇ်အနေနဲ့ ဥရောပဘောလုံးလောကနဲ့ (၄)နှစ်ကြာ ဝေးကွာနေခဲ့ရပြီး ပါဖို့စ်အသင်းနဲ့အတူ တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရရှိတော့မှာပါ။

ပါဖို့စ်အသင်းက ချန်ပီယံလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲမှာ မက္ကာဘီတဲလ်အဗစ်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် တတိယအဆင့်ခြေစစ်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒေးဗစ်လူးဝစ်ဇ်ဟာ လက်ရှိအချိန်မှာတော့ ပေါင်ဒဏ်ရာရရှိနေတာကြောင့် ခြေစစ်ပွဲပထမအကျော့ကို လွဲချော်မယ်လို့ သိရပါတယ်။

ပါဖို့စ်အသင်းက ဒေးဗစ်လူးဝစ်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ ဆိုက်ပရပ်စ်ဘောလုံးလောကအတွက် အထူးခြားဆုံးသမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Most Read

Most Recent