■ နော်ဥမ္မာစိုး မွေထိုင်းပွဲမှာ ဂျာမနီအမျိုးသမီးဖိုက်တာနဲ့ ထိုးသတ်ရမယ်

■ နော်ဥမ္မာစိုး မွေထိုင်းပွဲမှာ ဂျာမနီအမျိုးသမီးဖိုက်တာနဲ့ ထိုးသတ်ရမယ်
Photo: Patong
Photo: Patong
Published 23 July 2025

မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မွေထိုင်းပွဲမှာ ဂျာမနီအမျိုးသမီးဖိုက်တာ အစ္စဘယ်ဇစ်ပတ်နဲ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ ရှိနေပါတယ်။

Patong Fight Night လို့ အမည်ရတဲ့ မွေထိုင်းပွဲကို မနက်ဖြန်(ဇူလိုင် ၂၄)၊ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Patong Boxing Stadium မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ 

အဲဒီပြိုင်ပွဲမှာ တွဲဆိုင်း (၆) ဆိုင်း ပါဝင်မှာဖြစ်ပြီး နော်ဥမ္မာစိုးနဲ့ ဂျာမန်အမျိုးသမီးဖိုက်တာ အစ္စဘယ်တို့ဟာ မွေထိုင်း (၁၁၉) ပေါင်တန်းမှာ ယှဥ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

 မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ထိုင်းအမျိုးသမီးဖိုက်တာ ဘူဆာရာခမ်နဲ့ ကစ်ဘောင်ဆင် ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိထားပါတယ်။

နော်ဥမ္မာစိုးဟာ အခုနောက်ပိုင်းမှာ ထိုင်းနိုင်ငံက နာမည်ကြီး တိုက်ဂါးမွေထိုင်းကလပ်မှာ အခြေချပြီး ကစ်ဘောင်ဆင်နဲ့ မွေထိုင်းပွဲတွေကို အစဥ်တစိုက် ထိုးသတ်နေပြီး နိုင်ပွဲများ ရရှိနေသူဖြစ်ပါတယ်။

 

Most Read

Most Recent