■ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ လူးဝစ်ဒီယက်ဇ် ဆုံးဖြတ်ထား

■ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ လူးဝစ်ဒီယက်ဇ် ဆုံးဖြတ်ထား
Photo: TEAMtalk
Photo: TEAMtalk
Published 22 July 2025

လီဗာပူးလ်အသင်းက တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်ဘက်ကလည်း လူးဝစ်ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုအသစ် ထပ်မံပြုလုပ်ဖွယ် ရှိပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်ရဲ့ ယူရို ၆၇.၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

ဘိုင်ယန်အနေနဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀+ Add-ons ကြေးနဲ့ ထပ်မံကမ်းလှမ်းဖို့ ရှိပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရာမှာ ၁၇ ဂိုးသွင်းပြီး ကူညီပေးခဲ့ပါတယ်။

ဒီယက်ဇ်(၂၈ နှစ်)အနေနဲ့ အခုနွေရာသီမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ မကြာသေးခင်ကလည်း ဘာစီလိုနာအသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Most Read

Most Recent