လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းက ပြင်သစ်တိုက်စစ်မှူး အက်ကီတိုက်ကို ပေါင်(၇၉)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ဒီနှစ် နွေရာသီအသုံးစရိတ်က ပေါင်သန်း(၃၀၀)နီးပါး ရှိလာခဲ့ပြီလို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အက်ကီတိုက်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၉)သန်းနဲ့ Add-ons ကြေး ပေါင်(၁၀)သန်းပေးရမှာကြောင့် စုစုပေါင်း ပေါင်(၇၉)သန်းကျသင့်မှာဖြစ်ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
အက်ကီတိုက်ဟာ ဒီနွေမှာ လီဗာပူးလ်အသင်းကို ရောက်ရှိလာတဲ့ (၇)ဦးမြောက်ကစားသမားဖြစ်ပြီး ဂိုးသမား ဝုဒ်မန်းနဲ့ ပက်ဆီတို့အတွက်ကတော့ ငွေကြေးအနည်းငယ်သာ သုံးစွဲခဲ့ရတာပါ။
Add-ons ကြေးတွေကိုပါ ထည့်တွက်ရင် လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗက်ဇ်အတွက် ပေါင်(၁၁၆.၅)သန်း၊ အက်ကီတိုက်အတွက် (၇၉)သန်း၊ ကာကက်ဇ်အတွက် သန်း(၄၀)၊ ဖရင်ပေါင်အတွက် (၂၉.၅)သန်း၊ မာမာဒက်ရှ်ဗီလီအတွက် (၂၉)သန်း ပေးချေရမှာဖြစ်လို့ စုစုပေါင်းပေါင်သန်း(၂၉၀)ကျော် ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒီနွေစျေးကွက်မှာ ငွေကြေးအများဆုံးသုံးစွဲထားတဲ့အသင်းအဖြစ် ဦးဆောင်လျက်ရှိပါတယ်။















