ဂါလာတာစာရေးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ခေါ်ယူခဲ့တဲ့ နာပိုလီအသင်းက နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
အိုဆင်မန်(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီကတည်းက နာပိုလီအသင်းက ထွက်ခွာဖို့ စီစဉ်ခဲ့ပေမဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်ခြင်းမရှိခဲ့ဘဲ ဂါလာတာစာရေးအသင်းဆီ အငှားသွားကစားခဲ့ရတာပါ။
အိုဆင်မန်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချို့က စိတ်ဝင်စားခဲ့ပေမဲ့ လျော်ကြေးစာချုပ်တန်ဖိုးဖြစ်တဲ့ ယူရို(၇၅)သန်းကို ပေးချေလိုခြင်းမရှိတာကြောင့် မခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။
အိုဆင်မန်ကလည်း ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂါလာတာစာရေးအသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဂါလာတာစာရေးအသင်းက အိုဆင်မန်အတွက် နာပိုလီအသင်းကို ယူရိုသန်း(၄၀) ချက်ချင်းပေးချေရမှာဖြစ်ပြီး ကျန်တဲ့ ယူရို(၃၅)သန်းကို လာမယ့်နှစ်မှာ ပေးချေရမှာပါ။
ဒါ့အပြင် သွင်းဂိုးအပေါ်မူတည်ပြီး အပိုဆုကြေးယူရို(၅)သန်းထပ်ပေးရမှာဖြစ်ပြီး တခြားအသင်းဆီ ပြန်ရောင်းထုတ်ခဲ့ရင် အကျိုးအမြတ်ရဲ့ (၁၀)ရာခိုင်နှုန်းထပ်ပေးရမှာဖြစ်သလို၊ လာမယ့်(၂)နှစ်အတွင်း အီတလီကလပ်တွေဆီ ရောင်းမထုတ်ရဘူးဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
အိုဆင်မန်ကို အပြီးသတ်ခေါ်ယူဖို့ ဂါလာတာစာရေးအသင်း သဘောတူညီမှုရရှိ
Most Read
Most Recent
14 hours ago















