လီဗာပူးလ်အသင်းဟာ ပြင်သစ်နောက်ခံလူ ကိုနာတေးကို ရောင်းထုတ်လိုခြင်းမရှိဘဲ သက်တမ်းတိုးနိုင်ဖို့သာ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမှာ လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးဖြစ်လာတဲ့ ကိုနာတေးကို ရီးယဲလ်မက်ဒရစ်အပါအဝင် ထိပ်သီးအသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ကိုနာတေးနဲ့ လီဗာပူးလ်အသင်းရဲ့ စာချုပ်က ၂၀၂၆ အထိသာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ သက်တမ်းတိုးနိုင်ခြင်းမရှိရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရတော့မှာပါ။
ဒါကြောင့်လည်း ရီးယဲလ်အသင်းက လာမယ့်နှစ်မှာ အလွတ်ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက လက်ရှိအချိန်မှာ သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ တကယ်လို့ သဘောတူညီမှုမရခဲ့ဘူးဆိုရင် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာဖြစ်ပြီး ပေါင်သန်း(၄၀)ရရှိရင် ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။
ကိုနာတေးကို ရောင်းထုတ်လိုခြင်းမရှိဘဲ သက်တမ်းတိုးနိုင်ဖို့သာ လီဗာပူးလ် ကြိုးပမ်းနေ
Most Read
Most Recent
14 hours ago















