■ ကိုလိုတိုရေးကို နည်းပြအဖွဲ့သို့ ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ     

■ ကိုလိုတိုရေးကို နည်းပြအဖွဲ့သို့ ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ     
Photo: Getty Images
Photo: Getty Images
Published 30 May 2025

မန်စီးတီးအသင်းသည် အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ကိုလိုတိုရေးကို လာမည့်ရာသီ၌ နည်းပြအဖွဲ့သို့ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

အိုင်ဗရီကို့စ်နောက်ခံလူဟောင်း ကိုလိုတိုရေး(၄၄ နှစ်)သည် ၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် နည်းပြလောကသို့ ကူးပြောင်းခဲ့သူဖြစ်သည်။ 

၎င်းကို မန်စီးတီးအသင်းက အနာဂတ်အတွက် ရည်မှန်းထားခြင်းကြောင့် လက်ရှိနည်းပြ ဂွါဒီယိုလာ၏လက်အောက်၌ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရရာ အသင်းနည်းပြ ဂွါဒီယိုလာသည် နည်းပြအဖွဲ့မှ အဖွဲ့ဝင်အချို့နှင့်လမ်းခွဲခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ဂွွါဒီယိုလာသည် ၎င်း၏နည်းပြအဖွဲ့အတွက် အသင်းအကြောင်းကို ကောင်းကောင်းနားလည်သည့် အသင်းကစားသမားဟောင်း ကိုလိုတိုရေးအား ခန့်အပ်လိုနေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent