ဘက်တစ်အသင်းနှင့် ကစားခဲ့သည့် ကွန်းဖရန့်လိဂ်ဗိုလ်လုုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းအတွက် ကိုးလ်ပါလ်မာ ချီးကျူးခံနေရ

ဘက်တစ်အသင်းနှင့် ကစားခဲ့သည့် ကွန်းဖရန့်လိဂ်ဗိုလ်လုုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းအတွက် ကိုးလ်ပါလ်မာ ချီးကျူးခံနေရ
Photo: UEFA
Photo: UEFA
Published 30 May 2025

ချယ်လ်ဆီးအသင်၏ အင်္ဂလန်လူငယ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာသည် ဘက်တစ်အသင်းနှင့် ကစားခဲ့သည့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းအတွက် ချီးကျူးခံနေရကြောင်း သိရှိရသည်။

ကိုးလ်ပါလ်မာသည် ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် အရေးပါသည့် သွင်းဂိုး (၂) ဂိုးကို လှလှပပဖန်တီးပေးနိုင်ခဲ့သူဖြစ်ပြီး ယင်းပွဲတွင် နာမည်ကျော် စပိန်ကစားသမား အစ္စကိုထက် သာလွန်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟုလည်း သုံးသပ်သူများက ဆိုသည်။

ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဂျိုးကိုးလ်က ''ကိုးလ်ပါလ်မာက လည်စည်းလေးကို စည်းပြီးတော့တောင် ဘောလုံးကစားနိုင်တဲ့သူမျိုးပါ။ ဒီလိုမျိုး ကစားနိုင်သူက ကမ္ဘာမှာ များများစားစား မရှိပါဘူး။ သူက တကယ့် ပါရမီရှင်တစ်ဦးဖြစ်ပြီး အင်္ဂလန်မှာ ဒီလိုကစားသမားမျိုးတွေကို မွေးထုတ်နိုင်ဖို့ မလွယ်ပါဘူး''ဟု ချီးကျူးခဲ့သည်။

နာမည်ကျော် ဂိုးသမားဟောင်းတစ်ဦးဖြစ်သည့် မာ့ခ်ရှဝါဇာကလည်း ''ပါလ်မာက လူငယ်လေးပဲ ရှိပါသေးတယ်။ ရင့်ကျက်မှုကတော့ မယုံနိုင်စရာပါ''ဟု ဆိုခဲ့သည်။

ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုကလည်း ''ပါလ်မာရဲ့ အဆုံးအဖြတ်မတိုင်ခင်အထိ ချယ်လ်ဆီးက နိုင်ပွဲရမယ့် အခြေအနေ မရှိပါဘူး''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent