ဘာစီလိုနာနောက်ခံကစားသမား အာရူဟိုက မိမိအနေဖြင့် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။
ဥရုဂွေးလက်ရွေးစင် နောက်ခံကစားသမား အာရူဟို (၂၆ နှစ်) သည် ဘာစီလိုနာနှင့် ယူရို (၆၅)သန်းတန် လျော်ကြေးစာချုပ်ရှိနေပြီး ယခုနွေတွင် အသင်းမှထွက်ခွာနိုင်ကြောင်း သတင်းထွက်နေသည်။
လက်ရှိတွင် အာရူဟိုအား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်အပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော် အာရူဟိုက ၎င်းအနေဖြင့် ဘာစီလိုနာအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာရူဟိုက ''ဒီရာသီမှာ ဆုဖလားတွေ ရခဲ့တဲ့အတွက် ပျော်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် သိပ်မကစားခဲ့ရပေမဲ့ ဖလား (၃) လုံးရတဲ့အတွက် ဝမ်းသာပါတယ်။ ပြီးတော့ ဘာစီလိုနာအသင်းမှာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် ဒီအသင်းမှာပဲ ရှေ့ဆက်ချင်ပါတယ်။ ကျွန်တော့်ရဲ့စာချုပ်က ၂၀၃၁ ခုနှစ်အထိ ရှိနေတာပါ''ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း အာရူဟို ပြောကြား
Most Read
Most Recent
11 hours ago















