မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် အသင်းအတွက် အလွန်အရေးပါဖြစ်သူကြောင်း ပြောကြားခဲ့သည်။
ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့်နွေတွင် ရန်ပုံငွေရှာဖွေရန်အတွက် ၎င်းကို ရောင်းချနိုင်ကြောင်း ဖွင့်ဟခဲ့ခြင်းကြောင့် အာမိုရင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက အသက် (၃၀) အရွယ် ဘရူနိုဖာနန်ဒက်စ်အား ခေါ်ယူရန် စိတ်ဝင်စားနေပြီး မြင့်မားသည့်ပြောင်းရွှေ့ကြေး၊ မြင့်မားသည့်လစာဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရသည်။
သို့သော် မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က ဘရူနိုဖာနန်ဒက်စ်သည် အသင်းအတွက် အလွန်အရေးပါသူဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်က ''ဘရူနိုဖာနန်ဒက်စ်က ကျွန်တော့်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားပါ။ ဒီအသင်းကို တည်ဆောက်ရာမှာ သူဟာ အရေးကြီးဆုံံးကစားသမားဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် အာမိုရင်မ်က မန်ယူနိုက်တက်အသင်း၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးလည်း ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့်အတွက် ကစားသမားအများကြီး မလိုကြောင်းနှင့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းများအရ ကစားသမားများစွာ ခေါ်ယူမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် အသင်းအတွက် အလွန်အရေးပါသူဖြစ်ကြောင်း အာမိုရင်မ် ပြောကြား
Most Read
Most Recent
12 hours ago















