ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ မတိုင်မီ ချယ်လ်ဆီးနှင့် ဘက်တစ်ပရိသတ်များ ရန်ပွဲဖြစ်ပွားသဖြင့် (၂၈)ဦး ဖမ်းဆီးခံရ

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ မတိုင်မီ ချယ်လ်ဆီးနှင့် ဘက်တစ်ပရိသတ်များ ရန်ပွဲဖြစ်ပွားသဖြင့် (၂၈)ဦး ဖမ်းဆီးခံရ
Photo: AP
Photo: AP
Published 29 May 2025

မေလ(၂၈)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမကျင်းပမီ ချယ်လ်ဆီးအသင်းနှင့် ဘက်တစ်အသင်း၏ ပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပရိသတ်(၂၈) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ပိုလန်နိုင်ငံ ဝရိုကလောမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး Wroclaw Market Square တွင် ပရိသတ်ရာနှင့်ချီ ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က လျင်မြန် စွာ လူစွဲခွဲခဲ့ရကြောင်း သိရသည်။

ဗိုလ်လုပွဲကျင်းပခဲ့သည့် Wroclaw ကွင်းမှာ ပရိသတ်အရေအတွက် (၄၁၀၀၀)ဦးသာ ဝင်ဆံ့ခဲ့သော်လည်း ပိုလန်သို့ လာရောက်သည့် နှစ်ဖက်အသင်းပရိသတ် စုုစုပေါင်းမှာ (၇၀၀၀၀)ဝန်းကျင်ခန့် ရှိခဲ့သည်။

လက်မှတ်မရသူများမှာ Fan Zone များတွင် ကြည့်ရှုခဲ့ကြရသည်။  

ထို့ကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ဖြင့် ထိန်းသိမ်းခဲ့သော်လည်း ရန်ပွဲအချို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရန်ပွဲတွင် ကုလားထိုင်များ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်းလည်း သိရသည်။

Most Read

Most Recent