BIMSTEC ထိပ်သီးအစည်းအဝေး စတင်ကျင်းပခဲ့ပြီး မြန်မာနှင့် ထိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးဒုက္ခရောက်ခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်

BIMSTEC ထိပ်သီးအစည်းအဝေး စတင်ကျင်းပခဲ့ပြီး မြန်မာနှင့် ထိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးဒုက္ခရောက်ခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်
Published 4 April 2025

BIMSTEC ထိပ်သီးအစည်းအဝေး စတင်ကျင်းပခဲ့ပြီး မြန်မာနှင့် ထိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးဒုက္ခရောက်ခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခဲ့ကြောင်း ထိုင်းအခြေစိုက် Thai Enquirer က သတင်းဖော်ပြသည်။

ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခြောက်ကြိမ်မြောက် BIMSTEC ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ထိုင်းဝန်ကြီးချုပ်က ငလျင်ကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံတွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ငလျင်ကြောင့် သေဆုံးဒုက္ခရောက်ခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေး၏ အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပြီး “Bangkok Vision 2030” နှင့် BIMSTEC Free Trade Agreement (FTA) ကဲ့သို့သော အဓိကကျသော လုပ်ငန်းစဉ်များကို မီးမောင်းထိုးပြောကြားခဲ့သည်။

အလားတူ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုကဲ့သို့ ကိစ္စရပ်များတွင်လည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘာပတိဖြစ်သူ ထိုင်းဝန်ကြီးချုပ်က တောင်းဆိုခဲ့ပြီး အနာဂတ်တွင် လူငယ်များ၏ အရေးပါမှုကို ပြောကြားခဲ့ကာ BIMSTEC စီးပွားရေးအကြံပေးကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ယင်းနောက် ခြောက်ကြိမ်မြောက်  BIMSTEC ခေါင်းဆောင်များ၏ ကြေငြာစာတမ်းကို အတည်ပြုပြီးနောက် BIMSTEC ဥက္ကဌအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ယူမည့်အကြောင်း ကြေညာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent